ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ သမိုင်းဝင် လွယ်ဆိုင်ပတ္တမြားတောင်ပေါ်တွင် လက်ဖက်ပင် ပူဇော်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ သမိုင်းဝင် လွယ်ဆိုင်ပတ္တမြားတောင်ပေါ်တွင် လက်ဖက်ပင် ပူဇော်ပွဲကျင်းပ




MNP - စက်တင်ဘာ   ၉


ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊နမ့်ဆန်မြို့နယ် တောင်မကျေးရွာအုပ်စု သမိုင်းဝင် လွယ်ဆိုင်ပတ္တမြားတောင်ပေါ်တွင် ပလောင်လူမျိုးတို့၏  အထွဋ်အမြတ်ထားသည့် လက်ဖက်ပင် ပူဇော်ပွဲကို ယမန်နေ့ နံနက်တွင် ကျင်းပခဲ့သည်။


အလောင်းတော်မဏိစည်သူမင်းက တောင်ပေါ်ဒေသသို့ တိုင်းခန်းလှည့်လည်ရာ ပင်လယ်ရေ မျက်နှာပြင်အ ထက်ပေပေါင်း(၆၀၀၀)ကျော်ရှိသည့် ပတ္တမြားတောင်တော်ပေါ်သို့ ရောက်ရှိလာရာ ဘုရား၊ စေတီပုထိုးများ တည်ပြီး ပလောင်လူမျိုးတို့အတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် လုပ်ကိုင်စားသောက်နိုင်ရန် လက်ဖက်မျိုးစေ့များကို ပထမဦးဆုံး စိုက်ပျိုးထားခဲ့ပြီး လက်ဖက်ပင်မှ မျိုးစေ့များ ပွားများလာကာ ပလောင်လူမျိုးများ ယခုတိုင် လက်ဖက်များကို စိုက်ပျိုးပြီး အသက် မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်လျက်ရှိပါသည်။


ယခုတိုင်တည်ရှိနေသော လက်ဖက်ပင်မကြီးအား ပလောင်လူမျိုးများက သမိုင်းမှတ်တမ်း အထွဋ်အမြတ်ထားကာ နှစ်စဉ်နှစ်တိုင်း တော်သလင်းလဆန်း (၁၃)ရက်မှ လပြည့်နေ့အထိ (၃)ရက် တိုင်တိုင် ပူဇော်ပွဲကျင်းပကာ အနယ်နယ်အရပ်ရပ်မှ ကုန်ရောင်းကုန်ဝယ်ပြုသူများ၊ ဘုရားဖူးသူများ၊ လက်ဖက်တောင်သူများလာရောက်ပြီး လက်ဖက်ဈေးကောင်းမွန်ပြီး အလုပ်အကိုင်အဆင်ပြေစေရန် ဝမ်းစာဖူလုံရန်အတွက် ပူဇော်ပွဲကျင်းပကာ ဆုတောင်းခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)