ဖျာပုံမြို့၌ ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဆောင်းရာသီနေကြာသီးနှံစိုက်ပျိုးထုတ်လုပ်ခြင်း ဝန်းထမ်းနည်းပညာပေး သင်တန်းဖွင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖျာပုံမြို့၌ ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဆောင်းရာသီနေကြာသီးနှံစိုက်ပျိုးထုတ်လုပ်ခြင်း ဝန်းထမ်းနည်းပညာပေး သင်တန်းဖွင့်

 



MNP - စက်တင်ဘာ   ၂၇


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်အတွင်းရှိ မြို့နယ်များနှင့် မော်လမြိုင်ကျွန်းမြို့နယ်ရှိ စိုက်ပျိုးရေးဝန်ထမ်းများကို တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်ကျော်လှိုင် ဦးဆောင်သော နည်းပညာပေးအဖွဲ့မှ ခရိုင်အတွင်း ဆီဖူလုံမှုရရှိစေရန်၊ နေကြာသီးနှံနှင့် ပတ်သက်၍ စိုက်ပျိုးထုတ်လုပ်မှုနှင့် အပင်ပြုစုစောင့်ရှောက်နည်းစနစ်များအား ဝန်ထမ်းများသိရှိစေရန်နှင့် ဝန်ထမ်းများမှ တစ်ဆင့် တောင်သူများအား ထပ်ဆင့်နည်းပညာပေး ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဆောင်းရာသီနေကြာသီးနှံ စိုက်ပျိုးထုတ်လုပ်ခြင်း ဝန်ထမ်းနည်းပညာပေး သင်တန်းဖွင့်ပွဲကို စက်တင် ဘာလ (၂၆)ရက်နေ့ နံနက်(၉)နာရီအချိန်က ဖျာပုံခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။


အဆိုပါ ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဆောင်းရာသီနေကြာသီးနှံ စိုက်ပျိုးထုတ်လုပ်ခြင်း ဝန်ထမ်းနည်း ပညာပေး သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ တိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်ကျော်လှိုင်က ဆောင်းသီးနှံ နေကြာဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်ရခြင်း၊ နည်းပညာပေးသင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် သင်တန်းကို ဆက်လက်ပို့ချကြရာ သင်တန်း နည်းပြများအဖြစ် တိုင်းမျိုးစေ့တာဝန်ခံ ဒေါ်ခင်ဌေးမြင့်၊ မျိုးစေ့ဓာတ်ခွဲခန်းတာဝန်ခံ ဒေါ်ကြူကြူမွှေး၊ တိုင်းသီး နှံကာကွယ်ရေး တာဝန်ခံ ဒေါ်ခင်ရီမြင့်၊ တိုင်းသီးနှံကာကွယ်ရေး ဦးထက်ဝေလင်းနှင့် တိုင်းမြေအသုံးချရေး တာဝန်ခံ ဦးထင်ကျော်ဦးတို့မှ စပ်မျိုးနေကြာမျိုးစေ့ ထုတ်လုပ်ခြင်း၊ အပင်ပြုစုစောင့်ရှောက်ခြင်း၊ ကွင်းဆင်း စစ်ဆေးခြင်းနှင့် မျိုးကွဲနုတ်ပယ်ခြင်း၊ ကျရောက်တတ်သော အင်းဆက်ဖျက်ပိုးများနှင့် ဘက်စုံကာကွယ်နှိမ်နင်း နည်းများ၊ ရောဂါများနှင့် ဘက်စုံကာကွယ်နှိမ်နင်းနည်းများနှင့် နေကြာသီးနှံစိုက်ပျိုးရန်အတွက် ဓာတ်မြေသြဇာ အသုံးပြုနည်းများအား တစ်ဦးခြင်းအလိုက် သင်ကြားပို့ချကြရာ ဖျာပုံခရိုင်(၄) မြို့နယ်နှင့် မော်လမြိုင်ကျွန်း မြို့နယ်တို့မှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၇၂)ဦး တက်ရောက်ကြပြီး သင်တန်းကို စက်တင်ဘာလ (၂၆)ရက်နေ့တစ်နေ့တည်းသာ ပို့ချပေးသွားမည်ဖြစ်ကြောင်း၊ ဖျာပုံခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။


သတင်း - အောင်ဝင်းနိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)