ပဲခူးတိုင်းဒေသကြီး၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (တိုင်းအဆင့်)ပြိုင်ပွဲ ဒုတိယနေ့ဆက်လက်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (တိုင်းအဆင့်)ပြိုင်ပွဲ ဒုတိယနေ့ဆက်လက်ကျင်းပ



MNP - စက်တင်ဘာ   ၃


ပဲခူးတိုင်းဒေသကြီး၊ ၂၀၂၂ ခုနှစ်၊ (၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(တိုင်းအဆင့်) ဒုတိယနေ့အဖြစ် ယမန်နေ့ နံနက် ၉ နာရီမှစတင်၍ ပဲခူးမြို့ မြို့တော်ခန်းမ၊ သီရိဟံသာခန်းမ၊ သာသနာ့ဗိမ္မာန်စသည့်သတ်မှတ်နေရာများ၌ ဆက်လက်ကျင်းပခဲ့သည်။


ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်အစိုးရအဖွဲ့ဝင်များသည် အရေး၊ အတီး ပြိုင်ပွဲကျင်းပသည့် သီရိဟံသာခန်းမတွင် အတီးပြိုင်ပွဲဝင်များ၏ယှဉ်ပြိုင်နေမှုကိုလည်းလည်းကောင်း၊ အဆိုပြိုင်ပွဲ ကျင်းပရာ သာသနာ့ဗိမ္မာန်တွင် အဆိုပြိုင်ပွဲဝင်များ၏ ယှဉ်ပြိုင်နေမှုကိုလည်းကောင်း၊ မြို့တော်ခန်းမတွင် အကပြိုင်ပွဲဝင်များ၏ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။


အဆိုပါ(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို အက၊ အရေး၊ အတီးပြိုင်ပွဲကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဥပဒေချုပ် ဦးခင်မောင်တင့်၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဆပ်ကော်မတီအသီးသီးတို့မှ ကော်မတီဝင်များ၊ ပြိုင်ပွဲဝင် မျိုးဆက်သစ်များနှင့် မိသားစုဝင်များ၊ အနုပညာချစ်မြတ်နိုးသူများက ကြည့်ရှုအားပေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြိုင်ပွဲဝင်များနှင့် ပြိုင်ပွဲအကဲဖြတ် ပညာရှင်ဒိုင်အဖွဲ့အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးခဲ့ကြောင်း သတင်းရရှိသည်။


သတင်း - သက်ဖြိုးကြိုင် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)