အမှတ်(၅၃၄)နယ်မြေခံတပ်ရင်းမှ ပြည်သူများအား ဈေးနှုန်းသက်သာစွာဖြင့် စားသောက်ကုန်းများရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမှတ်(၅၃၄)နယ်မြေခံတပ်ရင်းမှ ပြည်သူများအား ဈေးနှုန်းသက်သာစွာဖြင့် စားသောက်ကုန်းများရောင်းချပေး





MNP ၊ စက်တင်ဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့တွင် အမှတ် (၅၃၄)နယ်မြေခံတပ်ရင်းမှ ပြည်သူများဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် စားသောက်ကုန်များရောင်း ချပေးခြင်းကိုစက်တင်ဘာ(၂၅ )ရက်နံနက် (၇)နာရီအချိန်ကအမှတ်(၁၂)ရပ်ကွက်အုပ် ချုပ်ရေးမှူးရုံးရှေ့တွင်ရောင်းချပေးသည်။

ယင်း စားသောက်ကုန်များသည် တပ် မတော်စက်ရုံထုတ်ပစ္စည်းများဖြစ်ပြီးပြည်သူများဈေးနှုန်းသက်သာချောင်ချိစွာဖြင့်  ဝယ်ယူစားသုံးနိူင်ရေးအတွက်စားသောက်ကုန်အမျိုးအမယ်ပေါင်း(၃၅)မျိုးကိုရောင်း ချပေးခြင်းဖြစ်ကြောင်း၊ ယနေ့လိုရောင်းချခြင်းဒုတိယအကြိမ်ဖြစ် စားသောက်ကုန်များရောင်းချပေးခြင်းဖြစ်သည်။

ပထမအကြိမ်တွင်အဝတ်အထည်နှင့်လူသုံးကုန်ပစ္စည်းအမျိုးအမယ်ပေါင်း(၃၅) မျိုးကိုလည်းဈေးနှုန်းသက်သာစွာဖြင့် ပြည်သူများသွားမူများသောနေရာများနှင့်ဈေးများအနီးတွင်ရောင်းချပေးခဲ့ပါတယ်၊ နောက်ပိုင်းမှာလည်း စားသောက်ကုန်နှင့်အခြားသောလူသုံးကုန်ပစ္စည်းများ အဝတ် အထည်များကို ပြည်သူများအား ဈေးနှုန်းသက်သာစွာဖြင့် အလှည့်ကျရောင်းချပေးမှာဖြစ်ကြောင်း ဗိုလ်ကြီးသက်ပိုင်ဟန် က ပြောပြသည်။ 

ထိုသို့ ရောင်းချပေးခြင်းကို အမှတ် (၅၃၄)နယ်မြေခံတပ်ရင်းမှ အရာရှိ စစ်သည် ရဲမေ(၁၅)ဦးကရောင်းချပေးကြပြီး၊ဈေးရောင်းချိန်(၃)နာရီခန့်အတွင်းမှာ ရောင်းကုန်ပစ္စည်းများအားလုံးခန့်ကို ပြည်သူအများ ဝယ်ယူအားပေးခဲ့ကြောင်း သိရသည်။

          

 

ထွန်းထွန်းနိုင် (မော်ကျွန်း)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)