ကျောက်ကြီးမြို့နယ်၌ မိုးစပါးနှင့်မိုးနေကြာ မျိုးစေ့ထုတ်တောင်သူများအတွက် ဓါတ်မြေသြဇာဖြန့်ဖြူးပေးအပ်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ကြီးမြို့နယ်၌ မိုးစပါးနှင့်မိုးနေကြာ မျိုးစေ့ထုတ်တောင်သူများအတွက် ဓါတ်မြေသြဇာဖြန့်ဖြူးပေးအပ်ပွဲအခမ်းအနားကျင်းပ




MNP - စက်တင်ဘာ   ၇


ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးစပါးနှင့် မိုးနေကြာမျိုးစေ့ထုတ် တောင်သူများအတွက် ဓါတ်မြေသြဇာဖြန့်ဖြူးပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။


အခမ်းအနားအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက ယခုနှစ်မိုးရာသီ မိုးစပါးနှင့်မိုးနေကြာမျိုးစေ့ထုတ် တောင်သူများအနေဖြင့် ဓါတ်မြေသြဇာများ ဈေးနှုန်းကြီးမြင့်စွာ ဝယ်ယူရမှုအခက်အခဲများမရှိစေရန် နိုင်ငံတော်မှ ဈေးနှုန်းသက်သာစွာဖြန့်ဖြူးရောင်းချပေးရခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရမှ ကျောက်ကြီးမြို့နယ်တွင် မျိုးစေ့ထုတ်စိုက်ဧက(၃၅၀)ဧက၊ စံပြစိုက်ဧက(၂၆)ဧက၊ မိုးနေကြာ(၅)ဧက စုစုပေါင်းစိုက်ဧက(၃၈၁)ဧကရှိပြီး ပထမအကြိမ်အနေဖြင့် မိုးစပါးမျိုးစေ့ထုတ်စိုက်ဧကနှင့် စံပြစိုက်ဧက(၁၃၆)ဧက၊ မိုးနေကြာ(၅)ဧက စုစုပေါင်းစိုက်ဧက(၁၄၁)ဧကအား တစ်ဧကလျှင် ဓါတ်မြေသြဇာ(၁)အိတ်နှုန်း ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း ကျန်စိုက်ဧကများအား ဒုတိယအကြိမ် ထပ်မံရောက်ရှိလာပါက တောင်သူများလက်ဝယ်အရောက် ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


ဆက်လက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ဒေသခံတောင်သူများအား ဓါတ်မြေသြဇာများ တစ်ဧက(၁)အိတ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချပေးခဲ့ပြီး အဆိုပါအခမ်းအနားအား ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်းသိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)