ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ဆက်လက်ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ဆက်လက်ရောင်းချပေး



MNP - စက်တင်ဘာ  ၁၄


ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့စီစဉ်မှုဖြင့် မြို့နယ်အတွင်း အမှတ်(၆)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် ယမန်နေ့နံနက်(၉)နာရီက ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ 


ထို့နောက်ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်ရောင်းချနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးသူမှဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အုပ်ချုပ်ရေးအထောက်အကူပြုရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ဖွဲ့စည်းထားသောဌာနဆိုင်ရာစစ်ကြောင်းအဖွဲ့များမှ တာဝန်ရှိသူများပူးပေါင်း၍ ဒေသခံပြည်သူများမည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ရေးတို့အတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။


ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချပေးရာတွင် ဆန်တစ်ပြည်ငွေကျပ် ၁၆၀၀/-နှုန်း၊ ဆီတစ်ပိဿာလျှင်ငွေကျပ် ၅၃ဝဝ/-နှုန်းနှင့် ကြက်ဥတစ်လုံးငွေကျပ် ၁၇၅/-ကို ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။


သတင်း - ဝင်းအိမွန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)