မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများအား လိုက်နာဆောင်ရွက်နိုင်ရေးအတွက် ရှင်းလင်းတင်ပြခြင်း အစည်းအဝေးတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများအား လိုက်နာဆောင်ရွက်နိုင်ရေးအတွက် ရှင်းလင်းတင်ပြခြင်း အစည်းအဝေးတက်ရောက်



MNP - စက်တင်ဘာ   ၉ 


နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများအား လိုက်နာဆောင်ရွက်နိုင်ရေးအတွက် ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကို ယမန်နေ့က ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ် ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ကော်မတီဝင်များ တက်ရောက်ခဲ့သည်။ အစည်းအဝေးတွင်  ပြည်နယ်ဝန်ကြီးချုပ်က ဒေသတွင်း လူမှုစီးပွားဘဝ တိုးတက်လာစေရေးနှင့် ပြည်နယ်၏ စီးပွားရေးအခြေအနေကို မြှင့်တင်နိုင်ရေးအတွက် မွန်ပြည်နယ်နိုင်ငံ့စီးပွား မြှင့်တင်ရေးလုပ်ငန်းကော်မတီကို ဖွဲ့စည်း၍ ပြည်နယ်အတွင်း စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးဆောင်ရွက်ထားရှိပြီး ခရိုင်အဆင့်၊ မြို့နယ်အဆင့်နှင့် ကျေးရွာအဆင့်တို့တွင် ကော်မတီအသီးသီးအား ဖွဲ့စည်းဆောင်ရွက်နိုင်ရေး ကြီးကြပ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းအပြင်အသေးစား၊ အလတ်စားကုန်ထုတ်လုပ်ငန်းများကိုလည်း အားပေးဆောင်ရွက်ကြရန်လိုကြောင်း၊ ရန်ပုံငွေသုံစွဲရာတွင် ပြည်သူလူထုကို တိုက်ရိုက်အကျိုးပြုသည့်လုပ်ငန်းများ၊ ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေးကို အကျိုးပြုသည့် လုပ်ငန်းများကို ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ကောင်းမွန်သောစီးပွားရေး အခြေအနေများဖန်တီးနိုင်ရန်နှင့် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အားလုံးဝိုင်းဝန်း ဆောင်ရွက်ပေးကြရန်ပြောကြားခဲ့သည်။


ထိုနောက် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်သိင်္ဂီဦးမှ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်း ကော်မတီဝင်များက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် အခြားကုန်ထုတ်လုပ်များ ဆောင်ရွက်ရာတွင် ဆောင်ရွက်ရမည့် အစီအစဉ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် တင်ပြဆွေးနွေးရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - ခင်စန်းမြင့် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)