ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၂ခုနှစ် မိုးစပါး လျာထားချက်ပြည့်မီ၍ အောင်မြင်စွာ စိုက်ပျိုးဆောင်ရွက်မှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကွင်းဆင်းကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၂ခုနှစ် မိုးစပါး လျာထားချက်ပြည့်မီ၍ အောင်မြင်စွာ စိုက်ပျိုးဆောင်ရွက်မှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကွင်းဆင်းကြည့်ရှု



MNP - စက်တင်ဘာ   ၂၉


မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၂ခုနှစ် မိုးစပါးလျာထားချက် ပြည့်မီစွာအောင်မြင်စွာ စိုက်ပျိုးဆောင်ရွက်မှု အခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ၍  ယမန်နေ့ နံနက်၁၀ နာရီက အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်စီမံကိန်း မိုးစပါးစိုက်ခင်းများ ကွင်းဆင်းကြည့်ရှုသည်။


ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးစပါးကိုတောင်သူများက လျှပ်စစ်မြစ်ရေတင်၊ ဆည်တမံများ၊ ဆည်ငယ်ကန်ငယ်များ၊ မြေအောက်ရေတင်စနစ်၊ မိုးကောင်းသောက်လယ်မြေများအတွက် ရေရရှိရေးနည်းလမ်းအမျိုးမျိုးဖြင့် စပါးစိုက်ပျိုးရေရယူ၍ ဒေသဝမ်းစာဖူလုံရေး၊ မိသားစုဝင်ငွေတိုးတက်စေရေးအတွက် စိုက်ပျိုးဆောင်ရွက်လျှက်ရှိရာ ၂၀၂၂ခုနှစ် မိုးစပါးကို စိုက်ပျိုးရန် (၁၀၂၀၀) ဧက လျာထားဆောင်ရွက်ခဲ့ပြီး တောင်သူများအနေဖြင့် လျာထားချက်ပြည်မီစွာ စိုက်ပျိုးဆောင်ရွက်ခဲ့ကြောင်းသိရသည်။


ထို့သို့တောင်သူများ၏ စိုက်ပျိုးသီးနှံများအောင်မြင်ဖြစ်ထွန်းနိုင်စေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်မြေစာရင်းဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာနနှင့် လျှပ်စစ်မြစ်ရေတင်မှတာဝန်ရှိသူများနှင့် ပူးပေါင်း၍  စိုက်ပျိုးရေးနည်းစနစ်များစနစ်တကျ အသုံးပြုစိုက်ပျိုးဆောင်ရွက်နိုင်ရေး၊ သီးနှံအထွက်တိုး မျိုးကောင်းမျိုးသန့်များ ဖြန့်ချိဆောင်ရွက်ပေးရေးနှင့် စိုက်ပျိုးရေပြည့်ဝစွာရရှိရေးတို့ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိသလို မိုးစပါးများအောင်မြင်ဖြစ်ထွန်းမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူနေမျိုးနှင့် တာဝန်ရှိသူများက အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်စီမံကိန်း မိုးစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းမှု ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။


မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အတူ အဖွဲ့ဝင်(၁) ဗိုလ်မှူး မျိုးဝင်း၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်တင်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများလိုက်ပါပြီး အောက်ဆိပ်လျှပ်စစ်မြစ်ရေတင် မိုးစပါးစိုက်ခင်းများ၊ မျိုးစေ့ထုတ်စပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းမှု အခြေအနေများကြည့်ရှု၍ စိုက်ပျိုးသီးနှံများ စိုက်ပျိုးရေပြည့်ဝစွာရရှိရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများ ကြည့်ရှုခဲ့ရာ အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်စီမံကိန်း၌ ၂၀၂၂ခုနှစ် မိုးသီးနှံကို မိုးစပါး ၅၂၀ ဧက၊ အခြားသီးနှံ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ ၆၈၀ ဧက စိုက်ပျိုးဆောင်ရွက်ထားရှိမှု အခြေအနေများ၊ စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် ဧရာဝတီမြစ်မှ စိုက်ပျိုးရေပြည့်ဝစွာ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ စိုက်ပျိုးရေးနည်းပညာများ ဖြည့်ဆည်းဆောင်ရွက်ထားရှိမှုတို့ကို သက်ဆိုင်ဌာနအသီးသီးမှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


သတင်း - စိုးလင်းနိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)