ပြင်ဦးလွင် ရေငယ်ကျေးရွာ အချင်းဖြစ်မြေယာများကို မြို့နယ် (၈)ဦးကော်မတီပါဝင်သော စစ်ဆေးသွားကြောင်း တောင်သူများထံမှ သိရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြင်ဦးလွင် ရေငယ်ကျေးရွာ အချင်းဖြစ်မြေယာများကို မြို့နယ် (၈)ဦးကော်မတီပါဝင်သော စစ်ဆေးသွားကြောင်း တောင်သူများထံမှ သိရ










MNP ၊ စက်တင်ဘာ ၆

ပြင်ဦးလွင် ရေငယ်ကျေးရွာ အချင်းဖြစ်မြေယာများကို မြို့နယ် (၈)ဦးကော်မတီပါဝင်သော စစ်ဆေးသွားကြောင်း တောင်သူများထံမှ သိရသည်။


အဆိုပါမြေယာများနှင့် ပတ်သက်၍ တောင်သူများက ဦးသိန်းစိန်အစိုးရလက်ထက်မှစ၍ နစက အစိုးရလက်ထက်တိုင်အောင် ကျေးရွာလူကြီးက နိုင်ငံတော်အာဏာအလွဲသုံးစားလုပ်၍ သိမ်းယူသွားခဲ့ပြီး ကျေးရွာဥက္ကဋ္ဌ မှ အဆင့်ဆင့်လွှဲပြောင်းရောင်းချပြီး လယ်ယာမြေများပေါ်တွင် ပေ(၁၀၀)ပတ်လည်၊ ပေ(၈၀)ပတ်လည် မြေကွက်များရိုက်၍ ရောင်းချနေမှုအပေါ် အကြိမ်ကြိမ် တင်ပြတိုင်ကြားခဲ့သည်။

ယနေ့ လာရောက်စစ်ဆေးမှုအခြေအနေနှင့် ပတ်သက်၍ တောင်သူများထဲမှ ဒေါ်ခင်မေမြင့်က "အကွက်တွေတောင် ရိုက်ထားပြီ။ ပုံစံ(၇) ပေးလို့ မရတော့ဘူးတဲ့။ အရင်တုန်းက သူတို့ တရားစွဲခဲ့တယ်တဲ့။ ဆရာတို့ တရားစွဲခဲ့တာက ပုံစံ(၇) ရရှိထားတဲ့ သဘောမျိုးနဲ့ စွဲခဲ့တာ။ ဒေါ်မိမိလေး မှ ပုံစံ(၇) မရသေးတာလို့ ပြောလိုက်တယ်။ ဆရာတို့က ကျွန်မတို့ထက်ပိုပြီး လယ်ယာမြေဥပဒေတွေကို နားလည်ရမှာကို ဘာဖြစ်လို့ အဲဒီလို မမှန်ကန်တဲ့ ဥပဒေနဲ့ စွဲတာလဲလို့ မေးလိုက်တာ။ ဒီတစ်ခါ မှန်ကန်တဲ့ ဥပဒေနဲ့ စွဲမှာပါတဲ့။ ဒီကနေ့ကွင်းဆင်းစစ်ဆေးမှုမှာ မြို့နယ်မြေစာရင်း၊ ရပ်ကျေး၊ အိုးအိမ်၊ သစ်တော အဲဒီလိုမျိုး စီမံ အကုန်ပါတယ်။ (၈)ဦးကော်မတီ ပါတယ်။ ကျွန်မတို့ တောင်သူတွေကို ရပ်ကျေးက အကြောင်းကြားလို့ အကုန်သွားကြတယ်။ မြေကွက်တွေ ရိုက်ရောင်းစားတဲ့ လူတွေဘက်ကတော့ ဘယ်သူ့မှ မပါဘူး။" ဟု ပြောသည်။


လာရောက်စစ်ဆေးသူများ၏ ပြောကြားမှုနှင့် ပတ်သက်၍ တောင်သူဒေါ်ခင်မေမြင့်က "ဒီလိုမျိုး အကွက်တွေ ရိုက်ထားတာဆိုရင်တော့ ပုံစံ(၇) ကျွန်တော်တို့က ပေးလို့မရဘူး။ မြေယာအရှုပ်အရှင်းဖြစ်တယ်ဆိုရင်တော့ ကျွန်တော်တို့က သေချာဆုံးဖြတ်ပြီးမှ ဘယ်သူ့ကို ပေးသင့်တယ်ဆိုတာကို ဆုံးဖြတ်မှာပါတဲ့။" ဟု ပြောဆိုသွားကြောင်း မြန်မာနေရှင်နယ်ပို့စ်သို့ ပြောသည်။


တောင်သူ ဒေါ်ခင်မေမြင့် က "ကျွန်မကတော့ ဆရာတို့ သတင်းဌာနကို အကူအညီတောင်းချင်တယ်။ နိုင်ငံတော်ဝန်ကြီးချုပ် ချမှတ်ထားတဲ့ ပြင်ဦးလွင် ကို Green City, Smart City ပေ့ါနော်။ သတင်းစာမှာ ကြော်ငြာထားတဲ့ ကြော်ငြာတွေလည်း ရှိတယ်။ ဒီလိုတွေ ကြော်ငြာထားရဲ့သားနဲ့ ပြင်ဦးမြို့နယ်မှာ ရှိတဲ့ အုပ်ချုပ်ရေးတွေက အကွက်ရိုက်ရောင်းတဲ့သူတွေကို လယ်ယာမြေဥပဒေနဲ့ နိုင်ငံတော်ဝန်ကြီးချုပ်ချမှတ်ထားတဲ့ လမ်းစဉ်တွေကို ကလေးကစားစရာလို ဆော့နေသလိုမျိုး လုပ်နေတာကို သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ မေးပေးစေချင်တာပါ။ အကွက်ရိုက် ရောင်းစားနေတဲ့သူတွေကလည်း ဝန်ကြီးချုပ် ပြောချင်ရာပြော ငါတို့လည်း လုပ်ချင်ရာလုပ်မယ်ဆိုတဲ့ သဘောဖြစ်နေတယ်။ အဲဒါလေး မေးပေးဖို့ အကူအညီတောင်းချင်ပါတယ်။" ဟု ပြောသည်။

တောင်သူများ တိုင်ကြားထားသည့် အချင်းဖြစ်မြေယာတွင် ဒေါ်မိမိလေးနှင့် အပေါင်းအပါများက ပေ(၁၀၀)၊ ပေ(၈) မြေကွက်များကို လူမှုကွန်ရက်မှ ကြော်ငြာ၍ သိန်း (၁၅၀၀) အထက် ရောင်းချနေပြီး မြေပြင်ကို မြန်မာနေရှင်နယ်ပို့စ် သွားရောက် သတင်းမှတ်တမ်း ရယူခဲ့စဉ်က ဝယ်ယူထားသည့် ခြံကွက်များကို ရောင်းချနေသူများက ခြံစည်းရိုးခတ်ပေးခြင်း၊ အဆောက်အဦးဆောက်လုပ်ပေးခြင်းများကို တာဝန်ယူ လုပ်ဆောင်ပေးနေသည်ကို တွေ့မြင်ခဲ့ရသည်။


( ဓာတ်ပုံ - မြန်မာနေရှင်နယ်ပို့စ် က တောင်သူများထံ သွားရောက်တွေ့ဆုံစဉ်က ဓာတ်ပုံ၊ ပြင်ဦးမြို့ အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် စိုက်ထူးခဲ့သော ကြော်ငြာ၊ တောင်သူများ၏ မြေယာပေါ်တွင် ခြံကွက်များရိုက်၍ ရောင်းထားသည်ကို တောင်သူများက မိမိတို့ ပိုင်ဆိုင်မှုအလိုက် ဆိုင်းဘုတ်ချိတ်ဆွဲ ပြသခဲ့သည့် မှတ်တမ်းများ ဖြစ်ပါသည်။)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)