တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ထားဝယ်မြို့ဘိုးဘွားရိပ်သာတွင် ဘိုးဘွားများအတွက်ထောက်ပံ့ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ထားဝယ်မြို့ဘိုးဘွားရိပ်သာတွင် ဘိုးဘွားများအတွက်ထောက်ပံ့ ပေးအပ်

 



MNP - စက်တင်ဘာ   ၈


၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် လူမှုဝန်ထမ်းဦးစီးဌာန၏ ထားဝယ်မြို့ဘိုးဘွားရိပ်သာအား ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားကို ယမန် နေ့နံနက်ပိုင်းက  ထားဝယ်မြို့၊ ဗျောတောဝရပ်ကွက်၊ ညောင်ရမ်းတောင်ရပ်ရှိ ဘိုးဘွားရိပ်သာခန်းမတွင် ပြုလုပ်ကျင်းပရာ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို တက်ရောက်ပေးအပ်ချီးမြှင့်ခဲ့သည်။


ရှေးဦးစွာ ဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးနှင့်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများl ဌာနဆိုင်ရာတာဝန်ရှိသူများက အဘိုးအဘွားများအား ကန်တော့ချိုးဖြင့်ကန်တော့ကြသည်။


ဆက်လက်၍ ထားဝယ်မြို့ ဘိုးဘွာရိပ်သာသို့ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် လူမှုဝန်ထမ်းဦးစီးဌာန၏ ထောက်ပံ့ကြေးငွေကျပ် (၅၉၄၀၀၀/-) ကို တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို မှ ဘိုးဘွားရိပ်သာ တာဝန်ခံထံသို့ ပေးအပ်သည်။


ယင်းနောက် ဘိုးဘွားရိပ်သာမှ  အဘိုးတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားအားရုတ်သိမ်းလိုက်ကာ ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သက်ကြီးဘိုးဘွားများအား ဂါရဝပြုလိုက်လံ နှုတ်ဆက်အားပေးစကားပြောကြားခဲ့ကြောင်းသိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)