ကျောက်ကြီးမြို့နယ် ကျေးလက်ကျန်းမာရေးဌာန၌ တတိယအကြိမ် ကိုဗစ်ရောဂါ ကာကွယ်ဆေးနှင့် အသက်(၂)နှစ်အောက်ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ကြီးမြို့နယ် ကျေးလက်ကျန်းမာရေးဌာန၌ တတိယအကြိမ် ကိုဗစ်ရောဂါ ကာကွယ်ဆေးနှင့် အသက်(၂)နှစ်အောက်ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းဆောင်ရွက်



MNP - စက်တင်ဘာ   ၆


ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် နတ်သံကွင်းဒေသ ကျေးလက်ကျန်းမာရေးဆေးခန်း၌ ယမန်နေ့နံနက် ၉ နာရီတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန စီမံမှုဖြင့် ကျေးလက်ကျန်းမာရေးမှူးနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ တတိယအကြိမ် ကိုဗစ်ရောဂါကာကွယ်ဆေးနှင့် အသက်(၂)နှစ်အောက်ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်း ဆောင်ရွက်ခဲ့သည်။


အဆိုပါလုပ်ငန်းအား နတ်သံကွင်းဒေသအတွင်းရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပြီးသူများအား တတိယအကြိမ်အနေဖြင့် လူဦးရေ (၂၆)ဦးအား ကိုဗစ်ရောဂါကာကွယ်ဆေးထိုးနှံပေးပြီး၊ ဒေသအတွင်းရှိ အသက် (၂)နှစ်အောက် ကလေးငယ်(၈၉)ဦးအား ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)