တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၂၀၂၂ ခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၂၀၂၂ ခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားတက်ရောက်

 



MNP - စက်တင်ဘာ   ၉


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ ရတနာ တန်ဆောင်ခန်းမ၌ ၂၀၂၂ခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသူကျောင်းသားများ တက်ရောက်ခဲ့ကြသည်။


 ဦးစွာ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း(ပုသိမ်)မှ ကျောင်းသား၊ ကျောင်းသူများက “ဝ.ထ.က.သ.လ” သီချင်းဖြင့် သီဆိုဂုဏ်ပြု၍ အခမ်းအနားအား ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတကာတွင် စာတတ်မြောက်ရေး လုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သကဲ့သို့ မြန်မာနိုင်ငံတွင်လည်း စာတတ်မြောက်ရေး လုပ်ငန်းများကို ခေတ်အဆက်ဆက် ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် စာမတတ်သူများပပျောက်ရေး၊ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းနေရေး လုပ်ငန်းစဉ်များကို ဦးတည်ဆောင်ရွက်လျက်ရှိပြီး ကျောင်းတွင်း ပညာရေး၊ ကျောင်းပြင်ပပညာရေး၊ ကိုယ်တိုင်သင်ယူပညာရေးဟူ၍ ပညာရယူနည်း နည်းလမ်းသုံးသွယ်ဖြင့် လူတိုင်းပညာသင်ခွင့် ရရှိနိုင်ရေးအလေးထား ဆောင်ရွက်လျက် ရှိပါကြောင်း၊  ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းနေမြဲမှ အရွယ်လွန် သက်ကြီးစာမတတ်သူများ ပပျောက်ရေး၊ စာမတတ်သူပပျောက်ရေးမှ စာမဖတ်သူပပျောက်ရေး အဆင့်ဆင့်ဆောင်ရွက်သွားကြရမှာ ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အခြေခံပညာကျောင်းများမှ စတင်ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအနေဖြင့်လည်း ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းဝင်းအတွင်း ရောက်ရှိစေရေးနှင့် ကျောင်းနေမြဲရေး ကြိုးစားဆောင်ရွက်လျက်ရှိရာ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စားမေးပွဲတွင် တစ်နိုင်ငံလုံး အောင်ချက်အကောင်းဆုံး ဒုတိယနှင့်ဂုဏ်ထူးရ ကျောင်းသားကျောင်းသူများ များစွာထွက်ပေါ်ခဲ့ပြီး ယခုပညာသင်နှစ်တွင်လည်း အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံမှုနှင့် ကျောင်းတက်ရောက်မှု အများဆုံး တိုင်းဒေသကြီး ဖြစ်ခဲ့ပါကြောင်း၊ ယခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲ အောင်ချက်ရာနှုန်း မြင့်မားစေရေး ယခင်နှစ်ထက် ပိုမိုသာလွန်စေရေး ကျောင်းသား၊ မိဘ၊ ဆရာများနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများက ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်း လုပ်ငန်းများကို ဝိုင်းဝန်းကြိုးစားပေးကြစေလိုကြောင်း၊ လူတိုင်းအတွက် ပညာရေး ရည်မှန်းချက်များနှင့်အညီ လူတိုင်းစာတတ်မြောက်နိုင်စေရန် အမျိုးသားရေးအသိ၊ အမျိုးသားရေးအမြင်၊ အမျိုးသားရေးဆန္ဒ၊ အမျိုးသားရေးအားမာန်တို့ဖြင့် စာတတ်မြောက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်ပြောကြားခဲ့သည်။


ထို့နောက် တိုင်းဒေသကြီးပညာရေးမှူးက ယူနက်စကိုအဖွဲ့ညွှန်ကြားရေးမှူးချုပ်၏ ၂၀၂၂ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ သဝဏ်လွှာကို ဖတ်ကြားခဲ့ပါသည်။ ဆက်လက်၍ ၂၀၂၂ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေး လုပ်ငန်းများ ဆောင်ရွက်မှု (Video Clip)ပြသမှုနှင့် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း(ပုသိမ်)မှ ကျောင်းသား၊ ကျောင်းသူများက စာတတ်မြောက်ရေးဝိုင်းကူပေး သီချင်းဖြင့် ဂုဏ်ပြုသီဆိုမှုတို့ကို အားပေးခဲ့ကြောင်းသိရသည်။


သတင်း - လှမင်းထွဋ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)