ကချင်ပြည်နယ်အတွင်း သဘာဝအခြေခံခရီးသွားလုပ်ငန်းအပေါ် အခြေခံ၍ ရေရှည်တည်တံ့ခိုင်မြဲပြီး စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်စေမည့် ခရီးသွားလုပ်ငန်းများဖြစ်စေရေး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ အဖွဲ့ဝင်များညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်အတွင်း သဘာဝအခြေခံခရီးသွားလုပ်ငန်းအပေါ် အခြေခံ၍ ရေရှည်တည်တံ့ခိုင်မြဲပြီး စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်စေမည့် ခရီးသွားလုပ်ငန်းများဖြစ်စေရေး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ အဖွဲ့ဝင်များညှိနှိုင်းဆွေးနွေး

 


MNP - စက်တင်ဘာ   ၂၃


ကချင်ပြည်နယ်၏ ရေမြေတောတောင်သဘာဝ အလှအပရှုခင်းများ၊ သဘာဝသယံဇာတအရင်း အမြစ်များစွာ ကြွယ်ဝမှုအပေါ် အခြေခံ၍ ရေရှည်တည်တံ့ခိုင်မြဲပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေမည့် သဘာဝအခြေခံ သည့် ခရီးသွားလုပ်ငန်းများ ပိုမိုအားကောင်းလာစေရေး စီမံဆောင်ရွက် သွားရမည်ဖြစ်ကြောင်း ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည့် ဒေသဆိုင်ရာခရီးသွား လုပ်ငန်း ကော်မတီ၏ (၄/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြောကြားသည်။


ဆက်လက်၍ ပြည်နယ်ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း ခရီးစဉ်ဒေသသစ်များ ဖော်ဆောင်ရာတွင် လည်းကောင်း၊ ရှိပြီးသား ခရီးစဉ်များကို ဖော်ထုတ်ဆောင်ရွက် ရာတွင်လည်းကောင်း ခရီးစဉ်ဒေသများ၏ အားသာချက်၊ အားနည်းချက်များနှင့် လေ့လာဆန်းစစ် ချက်အစီအမံများကို ဌာနဆိုင်ရာများ၊ ပြည်သူများနှင့် ပေါင်းစပ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။


ထို့နောက် ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း အစီအမံများနှင့် စပ်လျဉ်း၍ ဧည့်သည်စာရင်းစီမံခန့်ခွဲမှုစနစ် (GLMS)ကို အသုံးပြုမှု အပေါ် ပူးပေါင်းဆောင်ရွက် နိုင်ရေးနှင့် အခွန်အကောက်များ လျာထားချက်ပြည့်မီအောင် ကောက်ခံ ရရှိရေးစသည်တို့ကို ရှင်းလင်းပြောကြား ပြီး ကော်မတီအတွင်းရေးမှူး ပြည်နယ်ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးခိုင်ဦးက ပြည်နယ်အတွင်း ပြည်တွင်း/ ပြည်ပခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှုအခြေအနေများ၊ (၃/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်နှင့် ကော်မတီသို့ တင်ပြလျှောက်ထားလာသည့် ဟိုတယ်/တည်းခို ရိပ်သာ၊ ခရီးသွားလှည့်လည်ရေးနှင့် ဧည့်လမ်းညွှန်လုပ်ငန်း လိုင်စင်များသက်တမ်းတိုး လျှောက်ထားမှု အခြေ အနေများကို ရှင်းလင်းတင်ပြသည်။


တင်ပြမှုများအပေါ် ကော်မတီအဖွဲ့ဝင်များက ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကော်မတီထံ တင်ပြလျှေက်ထားလာသည့် လုပ်ငန်းလိုင်စင်များနှင့် စပ်လျဉ်း၍ ဆုံးဖြတ်အတည်ပြုပေးနိုင်ရေးနှင့် လိုအပ် သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။


ကချင်ပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအနေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် (ဧပြီလမှ သြဂုတ်လအထိ) ဟိုတယ် (၄၈)လုံးနှင့် တည်းခိုရိပ်သာ (၁၃)ခု စုစုပေါင်း ဟိုတယ်နှင့် တည်းခိုရိပ်သာ (၆၁)လုံး တိုးတက်ခွင့်ပြုပေးနိုင်ခဲ့သဖြင့် အခန်းအရေအတွက် အားဖြင့် ၁၈၄၉ ခန်း ခွင့်ပြုပေးနိုင် ခဲ့ပြီး ခရီးသွားလှည့်လည်ရေးကုမ္ပဏီ ၅၇ ခု၊ ဧည့်လမ်းညွှန် ၂၅ ဦး နှင့် ဒေသဆိုင်ရာဧည့်လမ်းညွှန် ၄၃ ဦးတို့အတွက် လုပ်ငန်းလိုင်စင်များ ခွင့်ပြုပေးနိုင်ခဲ့ကြောင်း ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီထံမှ သိရ သည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)