မုဒုံမြို့နယ် ကွမ်ကဗွီးကျေးရွာနှင့် ထုံမံကျေးရွာတို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ကျေးလက်နေပြည်သူတို့၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုဒုံမြို့နယ် ကွမ်ကဗွီးကျေးရွာနှင့် ထုံမံကျေးရွာတို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ကျေးလက်နေပြည်သူတို့၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

 



MNP - စက်တင်ဘာ   ၁၄


မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းက မုဒုံမြို့နယ်၊ ကွမ်ကဗွီးကျေးရွာနှင့် ထုံမံကျေးရွာရှိ ကျေးလက်နေပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ 


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ကျေးလက်နေပြည်သူများအတွက် ရပ်ရွာ အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံနိုင်ရေး၊ နိုင်ငံသားမှတ်ပုံတင်ကတ်ရရှိနိုင်ရေး၊ ကျေးရွာချင်းဆက်လမ်းများ၊ ကုန်ထုတ်လမ်းတံတားများ၊ ကျေးရွာတွင်း လမ်းတံတားများ ကောင်းမွန်ရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ 


ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက်   ရှင်းလင်းဆွေးနွေးပြီး၊   ကျေးရွာနေပြည်သူများ၏ မေးမြန်းတင်ပြချက်များနှင့် စပ်လျဉ်း၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။


ဆက်လက်ပြီး မြို့နယ်မီးသတ်ဦးစီးဌာန ဝန်ထမ်းများက ကျေးရွာအတွင်းရှိ အခြေခံ ပညာကျောင်းများရှိ ကျောင်းသား/ကျောင်းသူများကို မီးဘေးနှင့် သဘာဝဘေးဟောပြောခြင်း၊ လက်တွေ့ မီးငြှိမ်းသတ်သရုပ်ပြခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အိမ်ထောင်စုလူဦးရေစာရင်း ပျက်စီး၊ ပျောက်ဆုံးသူများကို အသစ်ပြုလုပ်ပေးခြင်း၊   နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်များကို ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်း၊ ကျန်းမာရေးဦးစီးဌာနမှ ကျေးရွာနေပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ကြောင်း သိရသည်။


သတင်း - မုဒုံသူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)