ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကလေးအလုပ် သမားပပျောက်ရေး အသိပညာပေးနံရံကပ် ပိုစတာပြသ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကလေးအလုပ် သမားပပျောက်ရေး အသိပညာပေးနံရံကပ် ပိုစတာပြသ




MNP ၊ စက်တင်ဘာ ၁၄

ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည် သူ့ဆက်ဆံရေးဦးစီးဌာန၌ ကလေးအလုပ် သမားပပျောက်ရေးအသိပညာပေး နံရံကပ် ပိုစတာကိုပြည်သူများသိရှိစေရန် ပြသခဲ့သည်။

အဆိုပါပြသထားသည့်နံရံကပ်ပိုစတာ တွင် ကလေးအလုပ်သမားပပျောက်ရေး ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ပေးပါ၊ မည်သည့်အလုပ်မျိုးကိုမဆိုအသက် (၁၄)နှစ်အောက်ကလေးများအား လုပ်ကိုင်ခွင့်မပြုရန် ဥပဒေများကတင်းကြပ်စွာတားမြစ်ထားကြောင်း ၊ အန္တရာယ်ရှိသည့်အလုပ်မျိုးနှင့် ခေါင်းပုံဖြတ် အမြတ်ထုတ်မှုခံရသည့်အလုပ် တို့ လုပ်ကိုင်နေ

သည့်ကလေးများ၏ဖွံ့ဖြိုးမှု၊ ကလေးများအတွက် အန္တရာယ်ရှိပြီးခေါင်းပုံဖြတ်အမြတ်ထုတ်ခံရမည့်အလုပ်များ၊ လုပ်ငန်းပိုင်ရှင်များအနေဖြင့်ကလေးများကိုမည်သို့ ကာကွယ်စောင့်ရှောက်ပေးနိုင်မည်နည်း၊ကလေးများလုပ်သောအလုပ်နှင့်ကလေးသူငယ်အခွင့်အရေး၊လုပ်ငန်းရှင်များအတွက်ကလေးသူငယ်အခွင့်အရေးဆိုင်ရာမူများ၊စသည့်အချက်များကို ပြသထားကြောင်းသိရသည်။


ဝင်းမောင်(ကျိုက်ထို)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)