ဘုတလင်မြို့နယ်၌ အခြေခံစားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘုတလင်မြို့နယ်၌ အခြေခံစားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး လျက်ရှိ



MNP - စက်တင်ဘာ   ၁၀


စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှု၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဘုတလင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ပြည်သူများ‌ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေး အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ခုံမင်းကြီးရပ်ကွက်သို့ သွားရောက်ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။      


ထိုသို့ အခြေခံစားသောက်ကုန်များ ရောင်းချပေးရာတွင် လူတစ်ဦးလျှင် ဆန်တစ်ပြည်ကို ငွေကျပ် ၂၁၅၀/-နှုန်းဖြင့် ဆန်တပြည်နှုန်း၊ ကြက်ဥတစ်လုံးလျှင် ငွေကျပ် ၂၀၀/-ဖြင့် ကြက်ဥ (၂)လုံးနှုန်း၊  ဆီတစ်ဆယ်သားငွေကျပ် ၁၁၀၀/-  ဆီတစ်ဆယ်သားနှုန်း၊ ကြက်သွန်နီ တစ်ဆယ်ကျပ်သား (၃၅၀)ကျပ်ဖြင့် တစ်ဆယ်သာနှုန်း၊ ရပ်ကွက်နေပြည်သူ(၂၅၁)ဦးတို့ကို ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။


အဆိုပါ အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ဘုတလင်မြို့ပေါ်ရှိ ရပ်ကွက်(၃)ခုနှင့် ဘုတလင်မြို့အနီး ပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ ဆက်လက် ရောင်းချပေးသွားမည် ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရှိရသည်။


 မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)