တွံတေးမြို့နယ်၌ ကျောင်းကျန်းမာရေးစစ်ဆေးမှုကတ် အသုံးပြုခြင်းဆိုင်ရာ ဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တွံတေးမြို့နယ်၌ ကျောင်းကျန်းမာရေးစစ်ဆေးမှုကတ် အသုံးပြုခြင်းဆိုင်ရာ ဆွေးနွေးပွဲကျင်းပ



MNP - စက်တင်ဘာ   ၃


ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တွံတေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးမှ ဆရာ/ ဆရာမများအား ကျောင်းကျန်းမာရေးစစ်ဆေးမှုကတ် အသုံးပြုခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ယုဇနခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။


အဆိုပါအခမ်းအနားတွင် တွံတေးမြို့နယ်၊ မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်အေးအေးမော်၊ ဦးစီးအရာရှိ(စာရင်းအင်း) ဆရာမကြီးဒေါ်စန်စန်းဝင်းတို့က အမှာစကားများပြောကြားပြီး ကျောင်းကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းအသုံးပြုပုံကို အ.ထ.က(၂)မှ ဆရာမဒေါ်နုနုရီနှင့်ကျောင်းကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကတ်အသုံးပြုရေးသွင်းပုံကို ကျောင်းကျန်းမာရေးဆရာဝန် ဒေါက်တာမိုးမိုးစံက အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကာ ကျောင်းကျန်းမာရေး ရက်သတ္တပတ် ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ကျောင်းအခြေပြုလုပ်ငန်းအခြေပြု(၆)ချက်နှင့်ပတ်သက်၍ ပြောကြားပေးခဲ့သည်။


ဆွေးနွေးပွဲသို့ တွံတေးမြို့နယ်အတွင်းရှိ ကျောင်းပေါင်း(၂၁၅)ကျောင်းမှ သင်တန်းသား/ သင်တန်းသူ ဆရာ/ဆရာမ(၂၅၀)ဦးအား သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။ အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများနှင့် သင်တန်းသား/ သင်တန်းသူဆရာ/ဆရာမ (၂၅၀) ဦး တက်ရောက်ကြသည်။


သတင်း - တွံတေးသား


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)