မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ပြည်နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၂) တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ပြည်နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၂) တက်ရောက်

 



MNP - စက်တင်ဘာ   ၂၇


မွန်ပြည်နယ်အနေဖြင့် ကိုဗစ်-၁၉ရောဂါကြောင့် ထိခိုက်ကျဆင်းခဲ့သော ဒေသအတွင်းပြည်သူများ၏ လူမှုစီးပွားဘဝအခြေအနေများကို မြှင့်တင်နိုင်ရန်ရည်ရွယ်၍  နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရာတွင် ထိရောက်အောင်မြင်မှုရှိစေရေးအတွက် ပြည်နယ်နိုင်ငံ့စီးပွား မြှင့်တင်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၂/၂၀၂) ကို ၂၀၂၂ ခုနှစ်၊ ယမန်နေ့၊ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်၊ ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းကော်မတီဝင်များ၊ ဆက်စပ်ဌာနဆိုင်ရာများ တက်ရောက်ခဲ့သည်။


အစည်းအဝေးတွင်ပြည်နယ်ဝန်ကြီးချုပ်က ဒေသတွင်းလူမှုစီးပွားဘဝ တိုးတက်လာစေရေးနှင့် ပြည်နယ်၏ စီးပွားရေးအခြေအနေကို မြှင့်တင်နိုင်ရေးအတွက် ပြည်နယ်၊ ခရိုင်၊ မြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းကော်မတီအသီးသီးတို့ကို ဖွဲ့စည်း၍ ပြည်နယ်အတွင်း စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းအပြင်အသေးစား၊ အလတ်စားကုန်ထုတ်လုပ်ငန်းများကိုလည်းအားပေးဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ထိရောက်အောင်မြင်မှုရှိစေရေးအတွက် စီမံကိန်းကျေးရွာများ စိစစ်ရွေးချယ်၍ ပြည်သူလူထုကို တိုက်ရိုက်အကျိုးပြုစေသည့် လုပ်ငန်းများကို Standard Operating Procedure (SOP) နှင့်အညီ ဆောင်ရွက်ကြရန်ဖြစ်ပြီး သက်ဆိုင်ရာ ကော်မတီအဆင့်ဆင့် အနေဖြင့်လည်း လုပ်ငန်းအမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းရှိ၊ မရှိ မြေပြင်အထိ ကွင်းဆင်း၍  ကြပ်မတ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကောင်းမွန်သောစီးပွားရေး အခြေအနေများဖန်တီးနိုင်ရန်နှင့် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အားလုံးဝိုင်းဝန်းဆောင်ရွက်ပေးကြရန် ပြောကြားသည်။


ထို့နောက် ပြည်နယ်နိုင်ငံ့စီးပွား မြှင့်တင်ရေးလုပ်ငန်းကော်မတီ၊ အတွင်းရေးမှူး၊ ဦးတိုးဝင်းမှ မွန်ပြည်နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မည့် Standard Operating Procedure (SOP) နှင့်ပတ်သက်၍ ဆွေးနွေးတင်ပြပြီး ကော်မတီဝင်များမှ စီမံကိန်းကျေးရွာများကို သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ဆောင်ရွက်ခြင်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားကုန်ထုတ်လုပ်များ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ ရန်ပုံငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများမှ ဖြည့်စွက်ဆွေးနွေးခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။


သတင်း - ခင်စန်းမြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)