မလှိုင်မြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒဟတ္တန်းကျေးရွာ ဒေသခံပြည်သူများတွေ့ဆုံပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မလှိုင်မြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒဟတ္တန်းကျေးရွာ ဒေသခံပြည်သူများတွေ့ဆုံပွဲ ကျင်းပ

 



MNP - စက်တင်ဘာ   ၂၂


မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရန် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာလ ၂၀ ရက်နေ့နံနက်ပိုင်းက ဒဟတ္တန်ကျေးရွာအုပ်စု၊ ဒဟတ္တန်း(မြောက်)ကျေးရွာ သာသနာ့ရက္ခိတဗိမာန်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်က စစ်ကြောင်း(၅)ကြောင်း လာရောက်ရသည့် ရည်ရွယ်ချက်များကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပြီးနောက် အဖွဲ့ဝင်(၁) ဗိုလ်မှူးဌေးသန်းက နိုင်ငံရေးစစ်ကြောင်းနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)၊ ဦးတည်ချက်(၉)ရပ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေ၊ အဖွဲ့ဝင်(၃)ဦးသိန်းဟန်က ပန်းခင်းစီမံချက်(၂) အကောင်အထည်ဖော်ဆောင်ရွက် နေမှုများနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပြုလုပ်ရာတွင် လွယ်ကူလျင်မြန်စေရေး စံသတ်မှတ်(SOP)ပါ အချက်အလက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။


ထို့နောက် တွေ့ဆုံပွဲသို့  တက်ရောက်လာသော ဒေသခံပြည်သူ(၆)ဦးတို့မှ ဒေသဖွံ့ဖြိုးရေးအတွက် အမှန်တကယ် လိုအပ်သည့် ပညာရေးကဏ္ဍ(၁)ခု ၊ ကျန်းမာရေးကဏ္ဍ(၁)ခု ၊ လမ်းရရှိရေးကဏ္ဍ(၃)ခု၊ စာကြည့်တိုက်အဆောက်အဦအသစ် ထပ်မံတည်ဆောက်နိုင်ရေး(၁)ခု၊ ပေပင်ဆည်ပြန်လည်ပြပြင်နိုင်ရေး(၁)ခု၊ စုစုပေါင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအတွက် လိုအပ်သည့်လုပ်ငန်း(၇)ခုအား ဆောင်ရွက်ပေးစေလိုကြောင်း တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများမှ ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဖြေကြား ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် နိုင်ငံသား စိစစ်ရေးကတ်ပြား အသစ်ပြုလုပ်သူ(၁၃)ဦးတို့အား ကာယကံရှင်များထံ ပေးအပ်ခဲ့ပြီးနောက် ဒဟတ္တန်း(မြောက်)ရွာ ရွာလယ်လမ်း (၁၄၀၀'×၁၈'×၆") အား ကိုယ့်အားကိုယ်ကိုး ကွန်ကရစ်လမ်းဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ခဲ့ကြသော အလှူရှင်၊ ပရဟိတလုပ်အားအဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တို့အား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုတံဆိပ်များ ချီးမြှင့်ခဲပါသည်။ တစ်ဆက်တည်း အခမ်းအနား တက်ရောက်လာသူ ပြည်သူ လူထု(၂၀၀)ဦးအနက် (၁၅၂)ဦးအား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Booster) ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။


သတင်း - အောင်ဌေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)