MNP - စက်တင်ဘာ ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ရပ်ကွက်(၃) ၊ နယ်မြေ(၁၁)၊ သုခလမ်း၊(တစ်ခါသုံး ပလတ်စတစ်ပစ္စည်းဆိုင်)တွင် ယမန်နေ့မွန်းလွဲ (၄) နာရီ (၃၀)မိနစ် အချိန်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။
အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်ပွားရာသို့ လားရှိုးခရိုင် မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်လင်းဦးစီး၍ မီးသတ်တပ်ဖွဲ့ဝင် (၃၉)ဦး၊ အရန်မီးသတ်တပ်ဖွဲ့(၅၀)ဦး၊ တပ်မတော်သားအင်အား (၁၀၀)ဦး၊ ရဲတပ်ဖွဲ့ဝင်(၃၅)ဦး ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် မီးငြိမ်းသတ်ခဲ့ရာ (၄)နာရီ (၅၅)မိနစ်အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။
မီးလောင်ကျွမ်းမှု ဆုံးရှုံးမှုတန်ဖိုးအနေဖြင့် (၄၀×၆၀)ပေ အုပ်ညှပ်(၂)ထပ် ၇၂၀၀၀၀ဝိ/-ခန့်၊ တစ်ခါသုံး ပလတ်စတစ်ပစ္စည်းအစုံ ၁၂၀၀၀၀ဝိ/-ခန့်၊ တန်ဖိုး ၈၄၀၀၀၀ဝိ/ခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး မီးလောင်မှုနှင့်ပတ်သက်၍ မီးပေါ့ဆစွာသုံးစွဲသူအား လားရှိုးမြို့မရဲစခန်းမှ (ပ)၂၅၀/၂၀၂၂ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း လားရှိုးခရိုင် မီးသတ်ဦးစီးဌာနမှ သိရသည်။
သတင်း - စိုင်းအောင်ကျော်စိုး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment