MNP - စက်တင်ဘာ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ် (၄) ရပ်ကွက်၊ (၈) ဖြတ်လမ်းတွင် ယနေ့ နံနက်ပိုင်းက ကျိုက်လတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် သာမန်အသုံး စရိတ်ဖြင့် လမ်းဘေးဝဲ/ယာ ရေမြောင်းတူးဖော် ရှင်းလင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု အား တာဝန်ရှိသူ များ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ ရေမြောင်းတူးဖော်ရှင်းလင်းခြင်းလုပ်ငန်းကို မြို့တွင်းရေစီးရေလာ ကောင်းမွန်စေရေးအတွက် မြို့၏ အဓိက ရေထွက်မြောင်းဖြစ်သော (၈)ဖြတ်လမ်း ရေထွက်မြောင်းတွင် ဆောင်ရွက်နေသည်ကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ အဆိုပါ ရေမြောင်းတူးဖော်ရှင်းလင်း ဆောင်ရွက်ခြင်း လုပ်ငန်းကို ကျိုက်လတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် သာမန် အသုံးစရိတ်ဖြင့် လမ်းဘေးဝဲ/ယာ ရေမြောင်းတူးဖော် ရှင်းလင်းခြင်းလုပ်ငန်း (ပေ-၃၀၀၀၀)အတွက် ခွင့်ပြုငွေကျပ်(၆.၀၀) သန်းဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - ရီရီမြင့်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment