မယ်စဲ့မြို့နယ်တွင် တောင်ကျရေစီးဆင်းမှုကြောင့် ရေတားတမံပိတ်ဆို့နေမှုအား ဖယ်ရှားရှင်းလင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မယ်စဲ့မြို့နယ်တွင် တောင်ကျရေစီးဆင်းမှုကြောင့် ရေတားတမံပိတ်ဆို့နေမှုအား ဖယ်ရှားရှင်းလင်း



MNP - စက်တင်ဘာ  ၂၈


ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျရေ စီးဆင်းမှုကြောင့် ရေတားတမံပိတ်ဆို့နေမှုအား ဖယ်ရှားရှင်းနေမှုကို ယမန်နေ့ညနေ ၃ နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းထွန်းလတ်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံ အင်ဂျင်နီယာတို့က သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။


မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မိုးရေဖြင့် မြို့ရေပေးဝေရေးလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ အဆိုပါ ရေပေးဝေရေး ဆောင်ရွက်နေသည့် ရေတားတမံတွင် တောင်ကျရေ စီးဆင်းမှုကြောင့် ကျောက်စရစ်ခဲများ၊ သဲနုန်းများ ပိတ်ဆို့မှုဖြစ်ပွားနေသဖြင့် ဒေသခံပြည်သူများအား ရေအမြန်ပေးဝေနိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေး အဖွဲ့ဝန်ထမ်းများက ပိတ်ဆို့နေသည့် ကျောက်စရစ်ခဲများ၊ သဲနုန်းများအား ဖယ်ရှားရှင်းလင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ နောင်နှစ်ရက်ခန့်အကြာတွင် ပြန်လည် ရေပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။


သတင်း - ဝတ်ရည်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)