မလှိုင်မြို့နယ် ၊ မလှိုင် - နှောကန်လမ်း ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မလှိုင်မြို့နယ် ၊ မလှိုင် - နှောကန်လမ်း ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

 



MNP - စက်တင်ဘာ   ၉


မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲပိုင်းက မလှိုင်-နှောကန်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည် ။


အဆိုပါလမ်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အရှည်မိုင် (၆) ဖာလုံခွဲ ၊ အကျယ်(၁၂)ပေ ၊ ထု(၁၅)လက်မ ကတ္တရာလမ်းခြင်းလုပ်ငန်းအတွက် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေခွင့်ပြု ငွေကျပ်(၁၇၄)သန်းဖြင့် (၂၂.၆.၂၀၂၂)ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ (၈.၉.၂၀၂၂)ရက်နေ့တွင် ထုအခြေခံလွှာ ခင်းခြင်းလုပ်ငန်းပြီးစီးမှုအပေါ် မြို့နယ်တည်ဆောက်ရေး လုပ်ငန်းများ စိစစ်ရေးကော်မတီဥက္ကဋ္ဌ ၊ မြို့နယ် အုပ်ချုပ်ရေးမှူးဦးစိုးမင်းထက်နှင့် တာဝန်ရှိသူများမှကွင်းဆင်းစစ်ဆေးခဲ့ရာ လုပ်ငန်းတစ်ခုလုံး၏ (၅၃)ရာနှုန်းပြီးစီး ပြီဖြစ်ကြောင်းသိရသည် ။ မလှိုင်-နှောကန်လမ်းသည် အရှည်(၁၂)မိုင်ရှည်လျားပြီး ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင် အရှည် (၆)ဖာလုံခွဲ ကတ္တရာခင်းလုပ်ငန်း ဆောင်ရွက်နေခြင်းဖြစ်ပြီး ဘဏ္ဍာနှစ်အလိုက် ကတ္တရာခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ရာ စုစုပေါင်း (၈)မိုင်(၁)ဖာလုံ ဆောင်ရွက်ပြီးဖြစ်သည်။ ကျန်ရှိနေသည့် လမ်းပိုင်းကိုလည်း ဘဏ္ဍာနှစ် အလိုက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည် ။


အဆိုပါလမ်းကြီးပြီးစီးသွားပါက မလှိုင်-နှောကန်လမ်းပေါ်ရှိ နှောကန်၊ဘောက်ခွေးတော၊သုံးတောင်၊ ပျော်ဘွယ်၊ သရက္ကောင်းပင်၊အိမ်ကြီးတော၊ လက်စွေ့၊ မြောက်လည်၊ဆုံတွင်းစသည့်ကျေးရွာအုပ်စုများမှ ဒေသ ထွက်ကုန်သီးနှံများ မလှိုင်မြို့ပေါ်သို့ အချိန်မရွေး၊ရာသီမရွေး ရောင်းဝယ်ဖောက်ကားသွားလာနိုင်ပြီး ဒေသခံပြည်သူတို့ ၏ လူမူစီးပွားဘဝသည်လည်း ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ပေသည် ။


သတင်း - အောင်ဌေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)