မြောင်းမြမြို့၌ အခြေခံလူတန်းစား အိမ်ထောင်စုများအား ဒုတိယအကြိမ်မြောက် ဆန်ထောက်ပံ့လှူဒါန်းပြီး ဈေးနှုန်းချိုသာစွာဖြင့် ဆီ၊ ဆား၊ ကြက်ဥများနှင့် စားသုံးကုန်ပစ္စည်းများ ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောင်းမြမြို့၌ အခြေခံလူတန်းစား အိမ်ထောင်စုများအား ဒုတိယအကြိမ်မြောက် ဆန်ထောက်ပံ့လှူဒါန်းပြီး ဈေးနှုန်းချိုသာစွာဖြင့် ဆီ၊ ဆား၊ ကြက်ဥများနှင့် စားသုံးကုန်ပစ္စည်းများ ရောင်းချပေး

 



MNP - စက်တင်ဘာ   ၅


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံဆောင်ရွက်မှု့ဖြင့် မြောင်းမြမြို့ရှိ ဆန်စက်ပိုင်ရှင်များနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ မြောင်းမြမြို့နယ်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စုများအား ဒုတိယအကြိမ်မြောက် ဆန်ထောက်ပံ့လှူဒါန်းခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်မှစတင်၍ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့တို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ ဒုတိယအကြိမ်မြောက် ဆန်ထောက်ပံ့လှူဒါန်းမှုတွင် အခြေခံလူတန်းစား အိမ်ထောင်စုတစ်စုလျှင် ဆန်(၂)ပြည် အခမဲ့ ထောက်ပံ့လှူဒါန်းပေးခဲ့ပြီး၊ စားသုံးဆီ (၅၀)ကျပ်သားအား ချိုသာသောဈေးနှုန်း (၂၅၀၀)ကျပ်ဖြင့်လည်းကောင်း၊ ကြက်ဥတစ်လုံး (၁၅၀)ကျပ်ဖြင့်လည်းကောင်း၊ အိုင်အိုဒင်းဆားငါးဆယ်ကျပ်သား တစ်ထုပ်လျှင် (၂၅၀)ကျပ်ဖြင့် လည်းကောင်း၊ အိမ်ထောင်စုတစ်စုလျှင် ကြက်ဥ(၅)လုံး၊ ဆားတစ်ထုပ်၊ ဆီ(၅၀)သားတစ်ဗူးတို့ကို ရောင်းချပေးခဲ့ကြောင်း သိရသည်။


ယနေ့ထောက်ပံ့မှုတွင် အိမ်ထောင်စု (၅၀၀)အတွက် ထောက်ပံ့လှူဒါန်းပေးနိုင်ခဲ့ပြီး မီးသွေးမီးဖို အလုံး(၁၀၀)အား ကံစမ်းမဲဖြင့် မဲပေါက်သူများအား ထပ်မံပေးဝေ လှူဒါန်းခဲ့ကြောင်း သိရသည်။


ထို့အပြင် တပ်မတော်စက်ရုံ ထုတ်ပစ္စည်းများဖြစ်သည့် ဒန်အိုး၊ လက်သန့်ဆေးရည်၊ နာနတ်ယို၊ ငါးတန်အချိုပေါင်း၊ မျှစ်၊ စတော်ပဲ၊ ငါးပိကြော်၊ ပဲထောပတ်၊ အမဲသားဗူး၊ ပုန်းရည်ကြီး၊ ငါးသေတ္တာ၊ ကော်ပစ္စည်းအမျိုးမျိုးနှင့် အသုံးအဆောင်ပစ္စည်း အမျိုးမျိုးတို့အား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)