ကျုံပျော်တွင် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျုံပျော်တွင် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

 



MNP - စက်တင်ဘာ   ၆


ပြည်သူများအနေဖြင့် လက်ရှိဖြစ်‌ပေါ်နေသော အခြေအနေအမှန်များ၊ ဖွံ့ဖြိုးရေးလုပ်ငန်း၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းဆောင်ရွက်‌နေမှုများကို သိရှိစေရန်အတွက် စစ်ကြောင်းကြီး(၅) ကြောင်းဖြင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ဧရာဝတီတိုင်း ဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ကျွန်းအင်းအုပ်စု၊ ပိုးကရင်နှစ်ခြင်းခရစ်ယာန် ဘုရားရှိခိုးကျောင်း၌ ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သိန်းစိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများပါဝင်သည့် စစ်ကြောင်းကြီး (၅)ကြောင်းတို့မှ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ နိုင်ငံရေးအခြေအနေမှန်များ၊ ကျန်းမာရေးကိစ္စရပ်များနှင့် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း‌သာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှု တို့ကို ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြသည်။


ထို့နောက် အိမ်ထောင်စုဇယား ပုံစံ(၆၆/၆)များအား အိမ်ထောင်စု (၅၀)လက်ဝယ်သို့ ပေးအပ်ပြီး ‌စာဖြူစု ကျေးရွာရှိ အိမ်ခြေ(၃၀)ထံသို့ ကွင်းဆင်းကာ အိမ်ထောင်စုဇယား ရှိ/မရှိနှင့် မြေပြင်လူဦးရေစာရင်းတို့ကို တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ စစ်ကြောင်း ကြီး (၅) ကြောင်းတွင် အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုရေး၊ စည်းရုံးရေးစသည့် စစ်ကြောင်းများ ပါဝင်ပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ ပြည်သူ့စကားသံနှင့် တင်ပြလာမှု များအပေါ် အကူအညီ‌ပေးနိုင်ရေးလုပ်ငန်းများ ဆောင်ရွက်သွား မည်ဖြစ်ကြောင်းနှင့် ဆွေးနွေးပွဲသို့ ဒေသခံပြည်သူ(၂၀၀)ဦး‌ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - လပြည့်ဦး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)