ရေဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လူငယ်များ အသက်မွေးဝမ်းကြောင်းအထောက်ကူပြုဆိုင်ရာ ဇာထိုး၊ ပန်းထိုးသင်တန်းဆင်းပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လူငယ်များ အသက်မွေးဝမ်းကြောင်းအထောက်ကူပြုဆိုင်ရာ ဇာထိုး၊ ပန်းထိုးသင်တန်းဆင်းပွဲပြုလုပ်



MNP - စက်တင်ဘာ   ၁


တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးဆောင်ကာ ကျေးလက်နေလူငယ်များ အသက်မွေးဝမ်းကြောင်းအထောက်အကူ ဖြစ်စေရန် ရည်ရွယ်၍ဖွင့်လှစ်ခဲ့သော ဇာထိုး၊ ပန်းထိုးသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက ရေဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်ခဲ့သည်။


အဆိုပါ သင်တန်းဆင်းပွဲတွင် တနင်္သာရီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးရဲခေါင်၊ ခရိုင်ဦးစီးမှူး ဦးရဲခေါင်၊ မြို့နယ်ဦးစီးမှူးဦးဝင်းဆွေ မြင့်တို့က အသီးသီး အမှာစကားပြောကြားပေးခဲ့သည်။


အဆိုပါ ရေဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကျေးလက်နေပြည်သူ များအား ကျေးလက်ဒေသစီမံကိန်းလုပ်ငန်းများဖြစ်သော အသက်မွေးဝမ်းကြောင်း အထောက်ကူပြု ဆံပင်အလှပြင်သင်တန်း၊ မိတ်ကပ်သင်တန်း၊ ဆိုင်ကယ်ပြင်သင်တန်း၊ သံချည်သံကွေးသင်တန်း၊ ပန်းရံ/လက်သမားသင်တန်း၊ ဝါးဖြင့်လူသုံးကုန်ပစ္စည်းထုတ်လုပ်သည့်သင်တန်းများကို ဘဏ္ဍာရေးနှစ်အလိုက်လျာထားဆောင်ရွက်လျက်ရှိရာ ဇာထိုး၊ ပန်းထိုးသင်တန်းကို ယခုဘဏ္ဍာနှစ်တွင် လျာထားဖွင့်လှစ်ပို့ချခဲ့ခြင်းဖြစ်ကြောင်း ဦးစီးအရာရှိ ဦးဝင်းဆွေမြင့်ထံကသိရသည်။


အဆိုပါသင်တန်းတွင် သင်တန်းနည်းပြဆရာမ ဒေါ်အိအိမွန်က သင်တန်းတွင် ဘာသာရပ်သုံးခုဖြင့် သင်ကြားပို့ချ‌ပေးခဲ့ပြီး အခြေခံထိုးနည်းများတတ်မြောက်သွားပါက Onlineတွင် အဆင့်မြင့် နည်းပညာများ ရှာဖွေကာ ဆက်လက်သင်ယူသွားနိုင်မည်ဖြစ်ကြောင်းသိရသည်။


သင်တန်းကို သင်တန်းနည်းပြ (၁)ဦးနှင့်သင်တန်းသူ (၁၀)ဦးတို့ဖြင့် (၁၅)ရက်ကြာဖွင့်လှစ်ပို့ချခဲ့ပြီး၊ အခမ်းအနားတွင်သင်တန်းသားများအားသင်တန်းဆင်းလက်မှတ်နှင့် ဆုရရှိသူများအား ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။


သတင်း - ခတ္တာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)