ပိုင်ကျုံမြို့၊ မဲပရကျေးရွာအုပ်စုအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့်အသက် နှစ်နှစ်‌အောက်ကလေးငယ်များအား ထောက်ပံ့ငွေများ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပိုင်ကျုံမြို့၊ မဲပရကျေးရွာအုပ်စုအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့်အသက် နှစ်နှစ်‌အောက်ကလေးငယ်များအား ထောက်ပံ့ငွေများ ပေးအပ်



MNP - စက်တင်ဘာ   ၆


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ မဲပရကျေးရွာအုပ်စုအတွင်းရှိ ၂၀၂၂-၂၀၂၃ခု၊  ဘဏ္ဍာရေးနှစ်၊ ပထမ(၃)လပတ် (ဧပြီ၊မေ၊ဇွန်)လအတွက် MCCT အကျိုးခံစားခွင့်ရှိသော  ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော   ကလေးငယ်များအား ထောက်ပံ့ငွေ  ပေး အပ်ခြင်းလုပ်ငန်းကို   ယမန်နေ့က  ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


မဲပရကျေးရွာအုပ်အတွင်းရှိတွင် ၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ်၊ ပထမ(၃)လပတ် (ဧပြီ၊မေ၊ဇွန်)လအတွက် MCCT အကျိုးခံစားခွင့်ရှိသောကိုယ်ဝန်ဆောင်မိခင် (၂၀)ဦး၊ကလေး(၁၁၆)ဦး စုစုပေါင်း(၁၃၆)ဦး အတွက်ထောက်ပံ့ငွေ(၁၃၃၈၃၅၀၀၀)ကျပ်ကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများတို့က ထောက်ပံ့ငွေရရှိသူများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - နော်ခူး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)