ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၁/ ၂၀၂၂) ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၁/ ၂၀၂၂) ကျင်းပ



MNP ၊ စက်တင်ဘာ ၁၃

ပဲခူးတိုင်းဒေသကြီး၊ လူငယ်ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၁/ ၂၀၂၂)ကို ယမန်နေ့နံနက် (၉) နာရီက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာခန်းမ၌ကျင်းပခဲ့သည်။


ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လူငယ်များကို မှန်ကန်သည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိစေပြီး နိုင်ငံတော်ကိုအကျိုးပြုမည့် နိုင်ငံ့သားကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် လူငယ်ရေးရာမူဝါဒအား အကောင်အထည်ဖော်ဆောင်ရွက်ရန် “မြန်မာ့နိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီ” ၊ “မြန်မာ့နိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီ”၊ နေပြည်တော်ကောင်စီ/ တိုင်းဒေသကြီး/ ပြည်နယ်လူငယ်ရေးရာကော်မတီတို့အား ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီကိုလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌအဖြစ် လူမှုရေးရာဝန်ကြီးမှလည်းကောင်း၊ အတွင်းရေးမှူးအဖြစ် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးမှလည်းကောင်း တာဝန်ယူ၍ အဖွဲ့ဝင် (၁၃)ဦးဖြင့် ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ လူငယ်ရေးရာဦးစီးဌာန၏ ဆောင်ပုဒ်ဖြစ်သော “လူငယ်အင်အားစွမ်းပကားဖြင့် နိုင်ငံ့ဂုဏ်ဆောင်အလင်းဆောင်အံ့” ဆိုသည့်အတိုင်း လူငယ်အသက် သတ်မှတ်ချက်မှာ ဆယ်ကျော်သက်အရွယ်၊ မြန်မာနိုင်ငံသားလူငယ်များဖြစ်၍ အာဆီယံ၏ လူငယ်အသက်သတ်မှတ်ချက်မှာ အသက်(၁၅)နှစ်မှ (၃၅)နှစ်အတွင်း လူငယ်များဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာအဖွဲ့ဝင်များအနေဖြင့် တိုင်းဒေသကြီးအတွင်း လူငယ်ရေးရာအခန်းကဏ္ဍများနှင့် ခရိုင်အဆင့်၊ မြို့နယ်အဆင့် လူငယ်ရေးရာကော်မတီများ ဖွဲ့စည်းနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်သွားကြရန်နှင့် ဗဟိုမှချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်များကို အချိန်နှင့်တစ်ပြေးညီ ဆက်လက်ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။


ဆက်လက်၍ တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ အတွင်းရေးမှူး တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးမြင့်ခိုင်က လူငယ်ရေးရာကော်မတီနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများကို Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီအဖွဲ့ဝင်များက ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ကြပြီး တင်ပြချက်များနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။


သက်ဖြိုးကြိုင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)