"ထူးထူးဆန်း" ကားပစ္စည်းရောင်းဝယ်ရေးမိသားစုမှ လှူဒါန်းသည့် ဝါတွင်းကာလ ‘မဟာသံဃိကဒါန’ အာရုဏ်ဆွမ်းလောင်းလှူပူဇော်ပွဲကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

demo-image

"ထူးထူးဆန်း" ကားပစ္စည်းရောင်းဝယ်ရေးမိသားစုမှ လှူဒါန်းသည့် ဝါတွင်းကာလ ‘မဟာသံဃိကဒါန’ အာရုဏ်ဆွမ်းလောင်းလှူပူဇော်ပွဲကျင်းပ

 

18


MNP - စက်တင်ဘာ   ၂


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ နယ်လုံးဆိုင်ရာ သာသနာ့အကျိုးတော်ဆောင်အဖွဲ့ကြီးမှ နှစ်စဉ်နှစ်တိုင်း ပြုလုပ်လျက်ရှိသော ဝါတွင်းကာလအရုဏ်ဆွမ်းလောင်းလှူပူဇော်ပွဲကို ကျင်းပပြုလုပ်လျက်ရှိရာ အမှတ်စဉ် (၄၃) အလှူရှင်များဖြစ်သော ဒေါ်ကျင်ဝိုင်း. "ထူးထူးဆန်း" ကားပစ္စည်းရောင်းဝယ်ရေး မိသားစုများက ဦးဝေရှင်း အား ရည်စူးကာ လှူဒါန်းသည့် အာရုဏ်ဆွမ်းလောင်းလှူပွဲကြီးကို ယမန်နေ့ နံနက် ၄ နာရီ ၃၀ အချိန်တွင် ဝိသာခါ ဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။


ပုသိမ်မြို့ပေါ်ရှိ ကျောင်းပေါင်း (၁၃၉) ကျောင်းမှ ဝါဆိုဝါကပ်တော်မူကြသော ကျောင်းတိုက်အသီးသီးမှ သံဃာတော်အရှင်သူမြတ် စုစုပေါင်း (၂၂၉၁)ပါးတို့အား အရုဏ်ဆွမ်းနှင့် ဆွမ်းဟင်းအာဟာရများ လောင်းလှူ ပူဇော်ခဲ့ကြပြီး ထေရ်ကြီးဝါကြီး သံဃာတော်အရှင်သူမြတ်ငါးပါးတို့ကို အလှူရှင် ဒေါ်ကျင်ဝိုင်းနှင့် မိသားစုများက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပူဇော်ခဲ့ကြ သည်။


လှူဒါန်းပွဲအပြီးတွင် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာကို အကျိုးတော်ဆောင်အဖွဲ့မှ ပေးအပ်ခဲ့ပြီး ရေစက်ချအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ ပုသိမ်မြို့၊  မောင်းထောင်ကျောင်းတိုက် ဆရာတော်ကြီးထံမှ ရေစက်ချတရားနာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအမျှအတန်း ပေးဝေခဲ့ကြသည်။ အခမ်းအနား အပြီးတွင် ကြွရောက်တော်မူခဲ့ကြသည့် ဆရာတော်ကြီးငါးပါးတို့အား အာရုဏ်ဆွမ်းနှင့် အချိုပွဲများကို ဆက်ကပ် လှူဒါန်းခဲ့ကြပြီး အခမ်းအနားတက်ရောက်ကြသူများနှင့် တစ်ညတာဝေယျာဝစ္စ လုပ်ကိုင်ပေးခဲ့ကြသော မဇ္ဈိမ အလင်းပရဟိတ စေတနာရှင်လူငယ်များနှင့် ကားပစ္စည်းအရောင်းဆိုင် မိသားစုများကို နံနက်စာဖြင့် ဧည့်ခံ ကျွေးမွေးလှူဒါန်းခဲ့ကြကြောင်း သတင်း ရရှိသည်။


သတင်း - မြင့်ဟန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages