ဖားဆောင်းမြို့ ရတနာဈာန်အောင်စေတီတော် စိန်ဖူးတော်သစ်တင်လှူပူဇော်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖားဆောင်းမြို့ ရတနာဈာန်အောင်စေတီတော် စိန်ဖူးတော်သစ်တင်လှူပူဇော်ပွဲကျင်းပ

 


MNP - စက်တင်ဘာ  ၂၃


ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊ မြို့သူ၊ မြို့သားများမှ သံသရာဝဋ်ဆင်းရဲမှကင်းလွတ်ရာ၊ အေးငြိမ်းရာမှန်မြတ်နိဗ္ဗာန်ကို ရည်သန်တောင့်တလျက် ရတနာဈာန်အောင်စေတီတော် စိန်ဖူးတော်သစ်တင်လှူပူဇော်ပွဲကို ယမန်နေ့က ကျင်းပပြုခဲ့သည်။


အဆိုပါစိန်ဖူးတော်သစ်အား တင်လှူပူဇော်ရန် ဆရာတော်၊ သံဃာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဘုရားဂေါပကအဖွဲ့ဝင်များ၊ မြို့သူ၊ မြို့သားများ၊ ရပ်ဝေးရပ်နီးအလှူရှင်များက စိန်ဖူးတော်သစ်ကိုပင့်ဆောင်ကာ ရတနာဈာန်အောင်စေတီတော်အား လက်ယာရစ်(၃)ပတ်ရစ်ပတ်ခဲ့ပြီး စိန်ဖူးတော်အား ဆရာတော်၊ သံဃာတော်များနှင့်ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များက စေတီတော်တွင် တင်လှူပူဇော်ခဲ့ကြသည်။


ထို့နောက်လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခြင်းအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ ဦးစွာဝမ်အောင်းကယားကျေးရွာဆရာတော် မဟာဘဒ္ဓမ္မဇော်တိကဓဇမေဓါနန္ဒထံမှ ဧည့်ပရိတ်သတ်အပေါင်းတို့က ငါးပါးသီလခံယူပြီး တောင်ပေါ်ကျေးရွာဆရာတော်ဘဒ္ဒန္တဇဝနထံမှ အနူမောဒနဂါထာတော်အကျိုးတရားနာယူ၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။


ဆက်လက်၍ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်ပြီး ဧည့်ပရိတ်သတ်များအား ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။


သတင်း - နန်းသဲနုအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)