ဘီးလင်းမြို့နယ်တွင်လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု မူလတန်းကြို ကျောင်း(၃)ကျောင်းမှ ဆရာမများအားလစာငွေထောက်ပံ့ခြင်းနှင့် သင်ထောက်ကူပစ္စည်းများဝယ်ယူရန် ထောက်ပံ့ငွေပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘီးလင်းမြို့နယ်တွင်လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု မူလတန်းကြို ကျောင်း(၃)ကျောင်းမှ ဆရာမများအားလစာငွေထောက်ပံ့ခြင်းနှင့် သင်ထောက်ကူပစ္စည်းများဝယ်ယူရန် ထောက်ပံ့ငွေပေးအပ်




MNP ၊ စက်တင်ဘာ  ၂၃

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု မူလတန်းကြိုကျောင်း(၃)ကျောင်းမှ ဆရာမများအားလစာထောက်ပံ့ ငွေနှင့် သင်ထောက်ကူပစ္စည်းများဝယ်ယူရန် ထောက်ပံ့ငွေ ပေးအပ်ပွဲကို ယနေ့နံနက် ပိုင်းက ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ခန်းမ၌ ပြုလုပ်ခဲ့ ကြောင်းသိရသည်။ 

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစည်သူအောင် က  ဆရာမများ အနေဖြင့် မူလတန်းကြိုကျောင်းများတွင် တက်ရောက်လျှက်ရှိသော ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စနစ်တကျစီမံ ဆောင်ရွက်ရန်၊ လုံခြုံရေးအထူးဂရုစိုက်ကြရန် နှင့် ကလေးသူငယ်များ ဖွံဖြိုးတိုးတက်ရေးဆောင်ရွက်ပေးကြရန်တို့ကို  ပြောကြားခဲ့သည်။

ထို့နောက်ထောက်ပံ့ငွေ ပေးအပ်ပွဲ ကိုပြုလုပ်ရာ ဘီးလင်း မြို့နယ်စီမံ အုပ်ချုပ် ရေးအဖွဲ့ ဥက္ကဌ ဦးစည်သူအောင်၊အဖွဲ့ဝင်ဗိုလ်မှူးနိုင်အောင်ထွန်း နှင့် ဘီးလင်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဦးညီညီဝင်းတို့က  မူလတန်းကြို ကျောင်း (၁)ကျောင်း လျှင် ဆရာမများအတွက်လစာ ထောက်ပံ့ငွေနှင့် ကလေးငယ်များအား သင်ထောက်ကူပစ္စည်းများဝယ်ယူ ရန်အတွက်  (၁၀၆၀၀၀၀ိ/-)ကျပ်စီ ကို ထောက်ပံ့ ပေးအပ်ခဲ့ရာ မူလတန်းကြို ကျောင်း (၃)ကျောင်းမှ တာဝန်ခံ ဆရာမ များက လက်ခံရယူခဲ့ကြောင်း သိရသည်။


ထူးနောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)