ပုဏ္ဏားကျွန်းမြို့၌ (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြု သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ပုဏ္ဏားကျွန်းမြို့၌ (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြု သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်

030

032

033


MNP ၊ စက်တင်ဘာ ၄

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့တွင် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ(၁)ရက် နေ့တွင် ကျရောက်မည့်(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်ရဲတပ်ဖွဲ့ မိသားစုဝင်များစုပေါင်း၍ ပြည်သူ့အကျိုးပြု သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို  ယနေ့၊ နံနက်(၇)နာရီခွဲက  ပုဏ္ဏားကျွန်းမြို့၊  မြို့မပရိယတ္တိစာသင်တိုက်ပရဝုဏ်အတွင်း၌ ဆောင်ရွက်ခဲ့ကြသည်။


ထိုသို့ဆောင်ရွက်ကြရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး(ယာယီ)ရဲမှူး ညွန့်ဝင်း၊ ဒုမြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ရွှေအေး၊ မြို့မရဲစခန်းမှူး ဒုရဲမှူး ကျော်စိုးလွင် တို့ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များနှင့်မိသားစုအင်အား(၅၀)ဦးတို့က မြို့မပရိယတ္တိဘုန်းတော်ကြီးကျောင်းတိုက် ပရဝုဏ်အတွင်း သန့်ရှင်းသာယာ လှပရေးအတွက် တံမြက်စည်းလှဲခြင်း၊ အမှိုက်များ ကောက်သိမ်းရှင်းလင်းခြင်း၊ ချုံနွယ်၊ ပေါင်းမြက်များအား ခုတ်ထွင်းရှင်းလင်းခြင်းစသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။


နီထွန်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages