သာပေါင်းမြို့နယ်တွင် သက်သာသောဈေးနှုန်းဖြင့် ဆန်များဆက်လက်ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာပေါင်းမြို့နယ်တွင် သက်သာသောဈေးနှုန်းဖြင့် ဆန်များဆက်လက်ရောင်းချပေး



MNP - စက်တင်ဘာ   ၇


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် သက်သာသောဈေးနှုန်းဖြင့် ဆန်များ ဆက်လက် ရောင်းချပေးနေလျက်ရှိရာ ယမန်နေ့ နံနက် ၇ နာရီအချိန်တွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းရုံးရှေ့ ဥယျာဉ်တန်းလမ်းနှင့် ဘောလုံးကွင်းလမ်း ထောင့်နေရာမှ ရောင်းချပေးနေလျက်ရှိသည်။


မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး အောင်ကျော်သိန်း၊ အဖွဲ့ဝင်(၂) ဦးကျော်တိုးတို့၏ ဦး‌ဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ လူမှု‌ရေးအသင်းအဖွဲ့များ၊ ဆန်စက်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးအောင်ကိုကိုဆန်းတို့မှ ပြည်သူများအား ဆင်းသုခဆန် တစ်ပြည်လျှင် (၁၅၀၀)ကျပ်နှုန်းဖြင့် သက်သာချောင်ချိရေး ဆက်လက်ရောင်းချပေးလျက်ရှိကြရာ ပြင်ပဈေးထက် သက်သာစွာ ဝယ်ယူရရှိသဖြင့် ပြည်သူများ လာရောက်ဝယ်ယူကြ‌ကြောင်း သိရသည်။


သတင်း - မျိုးဇော်သိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)