ပြည်ဖျက်မီဒီယာနှင့် အကြမ်းဖက်အားပေး လူ့အဖွဲ့အစည်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ဖျက်မီဒီယာနှင့် အကြမ်းဖက်အားပေး လူ့အဖွဲ့အစည်း



ယမန်နေ့က အငြိမ်းစားဗိုလ်ချုပ်အုန်းသွင်၊ အငြိမ်းစားဗိုလ်ကြီးရဲတေဇ တို့ကို NLD အစွန်းရောက် အကြမ်းဖက်သမားတွေက လုပ်ကြံသတ်ဖြတ်လိုက်တာနဲ့ ပတ်သက်လို့ ပြည်ဖျက်မီဒီယာတွေမှာ ဝေဝေဆာဆာ ဖော်ပြလာကြတာကို တွေ့ရပါတယ်။ ပြည်ဖျက်မီဒီယာအုပ်စုထဲက mizzima သတင်းဌာနက အကြမ်းဖက် လူသတ်သမားများနဲ့ ဆက်သွယ်မေးမြန်းပြီး ဖော်ပြထားတာကို တွေ့ရပါတယ်။


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှုးကြီး စိုးဝင်း၏ ဆရာအရင်းဖြစ်သူ အငြိမ်းစားဗိုလ်ချုပ် အုန်းသွင်အား ယနေ့စက်တင်ဘာ ၂၄ရက် မွန်းလွဲ ၃ နာရီက လှိုင်မြို့နယ်ရှိ ၎င်း၏နေအိမ်တွင် သေနတ်ဖြင့်  ပစ်သတ်ခြင်းခံခဲ့ရကြောင်း၊ ထိုသို့ ပစ်ခတ်ရာ တွင်အငြိမ်းစားဗိုလ်ချုပ် အုန်းသွင်အပြင် သားမက်ဖြစ်သူ အငြိမ်းစား ဗိုလ်ကြီးရဲတေဇ ကိုပါ ပစ်ခတ်ခဲ့ကြောင်း Inya Urban Force နှင့် မြို့ပြပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ် ဆိုပြီး ဖော်ပြထားပါတယ်။

အငြိမ်းစားဗိုလ်ချုပ် အုန်းသွင်သည် ၂၀၀၈ ဖွဲစည်းပုံအခြေခံဥပဒေ အတွင်းမှပင် အာဏာသိမ်းစရာမလိုဘဲ အာဏာထိန်း၍ရကြောင်း ကာကွယ်ရေး ဒုဦးစီးချုပ်စိုးဝင်းထံ စာတမ်းရေးသားပေးပို့ခဲ့သူ ဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လူသိရှင်ကြားဆဲဆိုခဲ့သူဖြစ်ပြီး ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်တပ်က အာဏာ သိမ်းယူပြီးနောက် ဆန္ဒပြလူငယ်များကို သတ်ဖြတ် ဖမ်းဆီးချိန်တွင် ၎င်း၏Facebook စာမျက်နှာမှ တစ်ဆင့် အောင်ပွဲခံခဲ့သူဖြစ်ကြောင်း Inya Urban Force ထုတ်ပြန် ချက်ကို ကိုးကားပြီး ရေးသားထားပါတယ်။


Inya Urban Force က အကြမ်းဖက်သမားများက ဒီနေ့  မွန်းလွဲ ၃ နာရီက လှိုင်မြို့နယ်မှာရှိတဲ့ သူ့ရဲ့ အိမ်မှာ ပစ်ခတ်ခဲ့တာပါ၊ စုစုပေါင်း ငါးချက်ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်၊ အုန်းသွင် (အငြိမ်းစားဗိုလ်ချုပ်အုန်းသွင်) ကို သုံး ချက်။ ရဲတေဇ(အငြိမ်းစားဗိုလ်ကြီးရဲတေဇ)ကို နှစ် ချက်ပါ။ အုန်းသွင်က မသေဘဲ ဘော်ဘီလို ဖြစ်မှာစိုးလို့ တစ်ထောင့် ထပ်ပေး ခဲ့တာပါ။ ရဲတေဇက အုန်းသွင်ရဲ့ သမက်ပါ၊ သူလည်း အငြိမ်းစားဗိုလ်ကြီးပါ။ Inya Urban Force။  ။ဒီနေ့ပစ်ခတ်မှုက အုန်းသွင်(ဗိုလ်ချုပ်အုန်းသွင်)ကိုပဲ ရည်ရွယ်တဲ့ ရှင်းလင်းမှုဖြစ်ပေမယ့် သူ့ရဲ့သားမက် အငြိမ်းစားဗိုလ်ကြီးရဲတေဇက မြို့ပြ ပြောက်ကျား ရဲဘော်တွေကို ရန်ပြုဖို့ကြိုးစားခဲ့လို့ သူ့ကိုပါ တစ်ခါထဲရှင်းလင်းခဲ့ရပါတယ်။ သူတို့အိမ်မှာ တခြားမိသားစုဝင်တွေအများကြီးရှိပေမယ့် ကျွန်တော်တို့ ဘာမှမလုပ်ခဲ့ပါဘူး။ ရန်ကုန်မှာ လုံခြုံရေးတင်းကျပ်ထားတဲ့ကြားက ဒီလိုအကြမ်းဖက်စစ်တပ်ရဲ့ ဒေါက်တိုင်ကြီးကို ရှင်းလင်းနိုင်တာ ဒါပထမဆုံး လို့ ပြောလို့ ရမယ် ထင်တယ်။ အငြိမ်းစား စစ်ဗိုလ်ချုပ်တွေအများကြီးရှိပေမယ့် အခုလို အကြမ်းဖက်စစ်တပ်ရဲ့ဒေါက်တိုင်မဖြစ်နေရင် ကျွန်တော်တို့က ဘာမှလုပ်စရာမရှိဘူး။ အကြမ်းဖက် စစ်တပ်ရဲ့ ဒေါက်တိုင်ဖြစ်နေရင်တော့ ဘယ်လောက်လုံခြုံရေးတင်းကျပ် တင်းကျပ်ဘယ်လောက်အထိ ရာထူးကြီးကြီး ကျွန်တော်တို့မှာ ရှင်းလင်းနိုင်စွမ်းရှိနေပြီ။" ဂုဏ်ယူဝံ့ကြွားစွာ ပြောဆိုထားတာကို တွေ့ရပါတယ်။


အကြမ်းဖက်သမားတွေရဲ့ လုပ်ကြံဖန်တီး ပြောဆိုမှုမှာ "အငြိမ်းစား ယူထားပေမယ့် ပြည်သူလူထုအပေါ် ရက်စက် ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေ လုပ်ကိုင်ဖို့ အားပေးအားမြှောက်ပြုလုပ်နေသူတွေ၊  စစ်အာဏာသိမ်းဖို့ တိုက်တွန်းအကြံပေးခဲ့သူတွေ၊ စစ်မိစ္ဆာတွေနဲ့ ပူးပေါင်းပြီး အကျိုးအမြတ်ရရှိနေသူတွေ၊  တော်လှန်ရေးရဲဘော်တွေကို အကြမ်းဖက်နှိမ်နှင်းဖို့ တိုက်တွန်းစေခိုင်းသူတွေကို မေ့ထားမှာမဟုတ်ပါဘူး၊ နောက်ထပ် mission တွေလည်း ဆက်လက် ဖော်ဆောင်သွားဦးမှာပါ။ ပြည်သူလူထုအနေနဲ့ ကိုယ်တတ်နိုင်သလောက် တတ်စွမ်းသလောက် တော်လှန်ရေးကို အင်တိုက်အားတိုက် ပါဝင်ပံ့ပိုးပေးကြပါ။" လို့ လှုံ့ဆော်ထားပါသေးတယ်။

ဒါကတော့ ပြည်ဖျက်မီဒီယာတစ်ခုက ဂုဏ်ယူဝံ့ကြွားစွာ ရေးသားဖော်ပြခဲ့တဲ့ လုပ်ကြံသတ်ဖြတ်မှုအကြောင်းဖြစ်ပါတယ်။ ဒီလိုပြည်ဖျက်မီဒီယာတွေနဲ့ အကြမ်းဖက်သမားတွေ ချိတ်ဆက်ပြီး လုပ်ကြံသတင်းတွေ ဖန်တီးဖော်ပြနေတာက မထူးဆန်းတော့ပါဘူး။ သူတို့ရဲ့ လုပ်ရိုးလုပ်စဉ်ပဲ ဖြစ်ပါတယ်။

ပြည်ဖျက်မီဒီယာရဲ့ ရေးသားဖော်ပြမှုအောက်မှာ မှတ်ချက်ပေးထားသူအများစု နီပိန်းအုပ်စုဝင်တွေက လုပ်ကြံသတ်ဖြတ်သူတွေကို ဂုဏ်ပြုပြောဆိုထားတာကို များစွာ တွေ့ရပါတယ်။

Than Dar - ''ဘယ်လောက်လုံခြုံရေး တင်းကြပ်တင်းကြပ် ဘယ်လောက်အထိ ရာထူးကြီးကြီး ကျနော်တို့မှာရှင်းလင်းနိုင်စွမ်းရှိနေပီ'' အဲ့စကားလေးကို သဘောကျတာ။

နွေ ရူး - Inya urban force လေးစားပါတယ် ရွှေလက်ပိုင်ရှင်များ

Mimi Zaw - တတ်နိုင်တဲ့ဘက်က support နေပါတယ် ရန်ကုန်ကိုအရင်သိမ်းစေချင်ပါတယ် ထောက်ပို့ချန်နယ်က အကိုတွေပြောသလိုမျိုး ပြည်တော်ဝင်တဲ့ခါ ရွှေတိဂုံဘုရားကြီးရဲ့ အရိပ်အောက်မှာ ခိုလှုံပြီး ပြည်သူတွေနဲ့စကားတွေပြောရမယ့်အချိန်ကိုမျှော်နေပါပြီ respect URBAN FORCE

Char Coal - Inya Urban Force တစ်ဖွဲ့လုံး ဘေးကင်းအောင်မြင်ကြပါစေ

Soe HtetHtet San - ကျေနပ်အားရတယ်

Min Thant - အငြိမ်းစားဗိုလ်ချူပ် အုန်းသွင် ၊ အငြိမ်းစား ဗိုလ်ချူပ် ရဲတေဇ ပစ်သတ်ခံရ အားရလိုက်တာကွာ နေတိုင်းဖတ်ချင်တာ က ဒီလိုသတင်းစာမျိုး။

Shwe Ei Zin - အားလုံးဘေးကင်းကြပါစေ။ လုပ်ဆောင်သမျှ အရာရာတိုင်း ရာနှုန်းပြည့်အောင်မြင်မှုတွေရရှိကြပါစေ

Tawng Tawng - ဆရာပြီးရင်တပည့်အလှည့်

Shwe Yi Nandar - လေးစားပါတယ် သူရဲကောင်းလေးတို့ရေ။ Mission တိုင်းအောင်မြင်ပြီး ဘေးကင်းကြပါစေ။ ဆက်လက်စောင့်မျှော်နေပါ့မယ်

Thiri Kyaw - မအလကြီး အတွက် နီးလာပီဟေ့


ဒါတွေကတော့ ပြည်ဖျက်မီဒီယာမှာ ဂုဏ်ယူဝံ့ကြွားစွာ ဖော်ပြထားတဲ့ အင်တာဗျူးအောက်မှာ နီပိန်းတသိုက် ဝမ်းသာအားရ ဖြစ်နေကြတဲ့ အခြေအနေဖြစ်ပါတယ်။ ဒါမျိုးမှတ်ချက်ပေါင်း များစွာထဲက တချို့ကို ထုတ်နှုတ်ပြဆိုခြင်း ဖြစ်ပါတယ်။ 


ဒါတွေကို တွေ့မြင်နေတာလည်း မထူးဆန်းတော့ပါဘူး။ NLD အစွန်းရောက်တွေရဲ့ လှုံ့ဆော်မှုနောက်မှာ လိုက်ပါနေကြသူအားလုံး အခုလို အရိုင်းစိတ်တွေ ကိန်းအောင်နေတာ ဖြစ်ပါတယ်။ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်း၊ သမိုင်းအစဉ်အလာကြီးတဲ့ လူ့အဖွဲ့အစည်း လို့ မည်မျှပင် ဂုဏ်တင်ပြောဆိုနေစေကာမူ ကိုယ်ကျိုးရှာနိုင်ငံရေးသမားတွေနဲ့ ပြည်ဖျက်မီဒီယာတွေက အစဉ်အလာကောင်းတွေကို ရိုက်ချိုးဖျက်ဆီးခဲ့ကြပါပြီ။


လုပ်ကြံသတ်ဖြတ်မှုတွေကို အားရဝမ်းသာဖြစ်နေတဲ့ လူ့အဖွဲ့အစည်း၊ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကို NLD အစွန်းရောက် အကြမ်းဖက်သမားများက လုပ်ကြံသတ်ဖြတ်လိုက်ပြီ ဆိုတာနဲ့ ဂုဏ်ယူဝမ်းမြောက်နေကြတဲ့ လူ့အဖွဲ့အစည်းတစ်ရပ် မြန်မာပြည်မှာ ရှိနေပါပြီ။


နစကအစိုးရ ရဲ့ မူဝါဒတွေမှာ ပျော့ကွက်ဟာကွက်တွေ ရှိနေတယ်။ နစကအစိုးရရဲ့ ယန္တရားမှာ အဂတိမကင်းတဲ့ အကြမ်းဖက်အားပေး လုပ်ရပ်တွေ ရှိနေတယ်။ ယန္တရားရဲ့ ဖောက်ပြန်ချို့ယွင်းမှုကြောင့် အပြစ်မဲ့ရဟန်းရှင်လူ ပြည်သူတွေကို NLD အစွန်းရောက်တွေက ပစ်မှတ်ထားပြီး သတ်ဖြတ်ခွင့် ရနေခြင်းဖြစ်သလို အရိုင်းစိတ်ဝင်နေတဲ့ နီပိန်းတို့အတွက် ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာတွေ ဖြစ်နေတာတော့ စိတ်မကောင်းစရာပါပဲ။


အကြိမ် ၂၀ မြောက် သတင်းစာရှင်းလင်းပွဲမှာ NLD အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ သတ်ဖြတ်မှုပုံစံနဲ့ ကမ္ဘာအရပ်ရပ်မှာ အစွန်းရောက် အကြမ်းဖက်လုပ်ရပ်တွေရဲ့ ဆောင်ရွက်ချက်တွေကို နှိုင်းယှဉ်တင်ပြခဲ့ပါတယ်။ ကမ္ဘာ့နိုင်ငံပေါင်း ၁၉ နိုင်ငံမှာ အစွန်းရောက် အကြမ်းဖက်လုပ်ရပ်တွေ လုပ်ခဲ့တဲ့ကြတဲ့ IS အဖွဲ့ရဲ့ မှတ်တမ်းတွေကို ပြန်ကြည့်တဲ့အခါ IS အဖွဲ့ရဲ့ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ပြည်သူပေါင်း ၈၀၀ ကျော် သေဆုံးခဲ့ရပါတယ်။ NLD အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ လုပ်ကြံသတ်ဖြတ်မှုကြောင့် မြန်မာတစ်နိုင်တည်းမှာ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း ၃၆၀၀ ကျော် သေဆုံးခဲ့ရပါတယ်။ 


ဒီအပေါ်မှာ နစက အစိုးရအနေနဲ့ အလေးအနက် ပြန်လည်သုံးသပ်ပြီး မိမိတို့ရဲ့ မူဝါဒဘာတွေ မှားယွင်းနေလဲ။ မိမိတို့ရဲ့ ယန္တရားဟာ ဘယ်လောက်အထိတောင် ဖောက်ပြန်ပျက်စီးနေသလဲ ဆိုတာကိုတော့ နစကအစိုးရသက်တမ်း မကုန်မီ ဆင်ခြင်သုံးသပ်မိပါစေ လို့ ဆန္ဒပြုပါတယ်။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)