ကညွတ်ကွင်းမြို့၊ လက်တတ်ကြီးကျေးရွာတွင် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကညွတ်ကွင်းမြို့၊ လက်တတ်ကြီးကျေးရွာတွင် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပြီးစီး

 



MNP - စက်တင်ဘာ   ၆


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ကျေးရွာပေါင်း (၃၀၀)ကျော်တွင် ကျေးရွာ ပေါင်း(၁၅၀)ခန့်သာ လျှပ်စစ်မီးရရှိလျက်ရှိပြီး ကျေးရွာများ လျှပ်စစ်မီးရရှိပါက မြို့ပေါ်ဒေသများနည်းတူ သုံးစွဲနိုင်မှသာလျှင် အသေးစားလုပ်ငန်းများ ပိုမိုတွင်ကျယ်စွာ လုပ်ကိုင်နိုင်ရေး  မြို့နယ်လျှပ်စစ်ဌာနနှင့် ကျေးရွာ ပူးပေါင်း၍ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ခဲ့သော ဖြူးမြို့နယ်၊ကညွတ်ကွင်းမြို့၊ လက်တတ်ကြီး ကျေးရွာအုပ်စု၊ လက်တတ်ကြီး(ဗမာ)ကျေးရွာတွင်  NEP Phase-II အစီအစဉ်ဖြင့် လျှပ်စစ်မီးရရှိရေးအတွက် ဆောင်ရွက်ပြီးစီးခဲ့ရာ စက်တင်ဘာလ ပထမအပတ်က စတင်ကာ လျှပ်စစ်မီးရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။


အဆိုပါကျေးရွာ လျှပ်စစ်မီးရရှိရေးအတွက် မေလပိုင်းက စတင်ကာ 33/11KV-20MVA ဓါတ်အားခွဲရုံမှ ဓာတ်အား ပို့လွှတ်ထားသော 11KV ကညွတ်ကွင်းမြို့တွင်းလိုင်းကို သနပ်ကွင်း ကျေးရွာထိပ်မှ Tap Off ယူ၍ 400V လိုင်းဖြင့် အဆိုပါ လက်တတ်ကြီး(ဗမာ)ကျေးရွာအထိ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုမှတဆင့် ကျေးရွာကိုယ့်အားကိုယ်ကိုး အစီအစဉ်ဖြင့် ကျေးရွာတွင်း 400V လိုင်းနှင့် (100KVA) ထရန် စဖော်မာကိုသာ ကျေးရွာမီးလင်းရေး ကော်မတီက ဦးဆောင်ကာ ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သိရသည်။


ထိုသို့   ကျေးရွာအရောက်  လျှပ်စစ်မီးရရှိရေး ဆောင်ရွက်၍ လျှပ်စစ်ဓာတ်အားပို့လွှတ်   ပေးထားရာ ယခုအခါတွင် အိမ်ခြေ(၅၀)အိမ်အတွက် မီတာတပ်ဆင်ကာ လျှပ်စစ်မီးရရှိ သုံးစွဲနေနိုင်ပြီဖြစ်ကြောင်း ကျေးရွာဒေသခံများထံမှ သိရသည်။


 သတင်း - နေမျိုးလွင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)