MNP ၊ စက်တင်ဘာ ၂၀
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ စေတနာရှင်၊ အလှူရှင်များ ပူးပေါင်းပါဝင် လှူဒါန်းမှုဖြင့် မကွေးမြို့နယ်၊ နံကပ်ကျွန်းကျေးရွာအုပ်စုရှိ အခြေခံလူတန်းစားအိမ်ထောင်စုများ အား စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်(၇)နာရီအချိန်က မကွေးမြသလွန် ဘုရားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးစိန်ထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့ နာယကနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထိုသို့ စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ နံကပ်ကျွန်းကျေးရွာအုပ်စုရှိ အခြေခံ လူတန်းစားအိမ်ထောင်စု (၁၃၀၀)အတွက် အိမ်ထောင်စုတစ်စုလျှင် ဆန်တစ်ပြည်၊ ဆီ(၃၀) ကျပ် သား၊ ဆား(၅၀)ကျပ်သား၊ ကုလားပဲ(၃၀)ကျပ်သား၊ ကြက်သွန်နီ (၂၅)ကျပ်သားနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းဖြစ်သည့် နှာခေါင်းစည်း (MasK) များအား ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စုများ စားဝတ်နေရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန် ရည်ရွယ်၍ စေတနာရှင် အလှူရှင်များ၏ ပူးပေါင်းပါဝင်လှူဒါန်းမှုဖြင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
ကိုစည်သူ
https://t.me/MyanmarNationalPost
No comments:
Post a Comment