မြိတ်မြို့နယ် ကလွင်ကျေးရွာအုပ်စုရှိ စားဝတ်နေရေးခက်ခဲသော အိမ်ထောင်စု (၈၆၀) စုအား စေတနာရှင်များက ဆန် (၄) ပြည်နှုန်းစီလှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြိတ်မြို့နယ် ကလွင်ကျေးရွာအုပ်စုရှိ စားဝတ်နေရေးခက်ခဲသော အိမ်ထောင်စု (၈၆၀) စုအား စေတနာရှင်များက ဆန် (၄) ပြည်နှုန်းစီလှူဒါန်း



MNP - စက်တင်ဘာ   ၂၀


တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကလွင်ကျေးရွာအုပ်စုအတွင်းရှိ စားဝတ်နေရေးခက်ခဲသော အိမ်ထောင်စု (၈၆၀) စုအား ကလွင်ကျေးရွာ အုပ်ချုပ်ရေးမှူးဦးဆောင်၍ စေတနာရှင် အလှူရှင်များစုပေါင်းပြီး ယမန်နေ့နေ့လယ်ပိုင်းက အိမ်ထောင်စုတစ်လျှင် ဆန် (၄) ပြည်နှုန်းစီ လှူဒါန်းခဲ့ကြသည်။


ထိုသို့ လှူဒါန်းရာတွင် ကလွင်ကျေးရွာအုပ်စုအတွင်းရှိ ကလွင်အရှေ့ကုန်း၊ ကလွင်ရွာမ၊ ကလွင်စုံခေါင်း၊ ကလွင်ကျားပါးစပ်၊ တောရကျောင်း၊ ရှမ်းချောင်း၊ တောင်းပြို၊ ချောင်းကူငယ်၊ ရှမ်းချောင်းဝန်ထမ်း၊ ငွေပုလဲနှင့် ကမ်းသာယာရွာတို့တွင် နေထိုင်ကြသော စားဝတ်နေရေးခက်ခဲနေသော အိမ်ခြေ (၈၆၀) ရှိ အိမ်ထောင်စုများအား အိမ်ထောင်စုတစ်စုလျှင် ဆန် (၄) ပြည်နှုန်းစီ ကို လှူဒါန်းပေးခြင်းဖြစ်သည်။


စားဝတ်နေရေးခက်ခဲသော အိမ်ထောင်စုများအား ဆန်(၄)ပြည်နှုန်းစီကို မြိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဗိုလ်မှူး ငွေစိုး၊ ကလွင်အုပ်ချုပ်ရေးမှူးနှင့် စေတနာရှင် အလှူရှင်များက အိမ်ထောင်စု အလိုက် လှူဒါန်းပေးအပ်ခဲ့ကြသည်။ ထို့အတူ ကလွင်ရေပုန်းရပ်ရှိ အိမ်ထောင်စ (၇၀၀) စုကိုလည်း အိမ်ထောင်စုတစ်စုလျှင် ဆန်တစ်ပြည်နှုန်းစီ သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။


လှူဒါန်းရာ၌ အိမ်ထောင်စု (၈၆၀) စုအတွက် ဆန်(၄)ပြည်အိတ် (၈၆၀) အိတ် တစ်အိတ်လျှင် (၈,၃၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း (၇,၁၃၈,၀၀၀) ကျပ်နှင့် အိမ်ထောင်စု (၇၀၀) စုအတွက် ဆန်တစ်ပြည်လျှင် (၂,၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း (၁,၄၀၀,၀၀၀) ကျပ်  လှူဒါန်းငွေစုစုပေါင်း (၈,၅၃၈,၀၀၀) ကျပ် ဖြစ်ပါကြောင်း သိရသည်။


သတင်း -ခိုင်ထူး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)