ငပုတောမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငပုတောမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေး



MNP - စက်တင်ဘာ   ၂၄


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ယမန်နေ့နေ့လယ်ပိုင်းက ကညင်ငူ‌ကျေးရွာအုပ်စု၊‌ ဘုန်း‌ တော်ကြီး‌ကျောင်းဓမ္မရုံတွင် ဒေသခံပြည်သူများဖြင့်တွေ့ဆုံ၍ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆွေးနွေးခဲ့ကြောင်း သိရသည်။


အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ပြည်သူများနှင့် တွေ့ဆုံရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေးဥက္ကဋ် ဦး‌‌ကျော်သူ၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးဖြိုးသူရ‌ကျော်၊ အတွင်းရေးမှူး ရဲမှူးမြင့်ရွှေ၊ သက်ဆိုင်ရာဌာနဆိုင်ရာတို့မှ ကိုဗစ်-၁၉ ကာကွယ်‌ ဆေးထိုးနှံမှု ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများမှ လယ်ယာမြေ လုပ်ပိုင်ခွင့်ပုံစံ (၇) ဆောင်ရွက်ပေးနေမှုများ၊ ကျေးရွာရေရှိ ရေးမီးလင်းရေးလုပ်ငန်းများ၊‌ မြစိမ်းရောင် စီမံကိန်းလုပ်ငန်းများ၊ လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းများ၊ မီးဘေးအန္တရယ် ကြိုတင်ကာကွယ်ရေး စသည့်တို့ မိမိတို့ကဏ္ဍအလိုက် ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် တက်ရောက်လာသည့် ပြည်သူများမှ ကညင်ငူရွာနှင့် ဘောစကိုင်းရွာ ကျေးရွာချင်း ဆက်လမ်းအား အဆင့်မြှင့်တင်ပေးရန်၊ မြစိမ်းရောင် ကျေးရွာစီမံကိန်း ဆောင်ရွက်ပေးရန်၊ ကညင်ငူကျေးရွာ အထကကျောင်း၊ ကျောင်းခြံစည်းရိုးကာရန်နှင့် အမိုးမျက်နှာကျက် ပြင်ဆင်ပေးရန်၊ ဘုန်‌တော်ကြီး‌ ကျောင်းဆရာတော်မှာ အသက်အရွယ်ကြီးရင့်နေပြီဖြစ်၍ ဘုန်းတော်ကြီးသင်ကျောင်းအား ဖျက်၍ ပညာရေးအမည်ပေါက်ဖြစ်အောင် ဆောင်ရွက်ပေးရန် ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်သည်များကို တင်ပြရာသက်ဆိုင်ရာဌာနများမှ ရှင်းလင်း ဖြေကြားခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့တို့သည် ဘုန်တော်ကြီးကျောင်း ဓမ္မာရုံအတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုနှင့် ဘောစကိုင်းကျေးရွာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း‌ မြေနေရာနှင့် ကျောင်းဆောင်တို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)