ဧရာဝတီတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီအစည်းအဝေးကျင်းပ



MNP - စက်တင်ဘာ   ၈


ဧရာဝတီတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ အစည်းအဝေးကို တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပရာ ဧရာဝတီတိုင်း ဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ဧရာဝတီ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီအဖွဲ့ဝင်များ၊ ကော်မတီ၊ ဆပ်ကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ များက video conferencing စနစ်ဖြင့် တက်ရာက်ကြသည်။


ဦးစွာ ဧရာဝတီတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ အစည်းအဝေး လမ်းညွှန်ချက်များကို အမြန်ဆုံးအကောင်အထည် ဖော်ဆောင်ရွက်နိုင်စေရေး ကောင်စီအဖွဲ့ဝင် များ၊ ကော်မတီ၊ ဆပ်ကော်မတီဝင်များအား ချက်ချင်းချပြဆွေးနွေးဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊  သက်ဆိုင်ရာ ကော်မတီများအလိုက် အစည်းအဝေးညွှန်ကြားချက်များအပေါ် ဆောင်ရွက်နေမှုအခြေအနေများကို တင်ပြပေး စေလိုကြောင်း၊ တိုင်းဒေသကြီးသည် ကျေးလက်ဒေသလူဦးရေ ၈၆% ရှိပြီး ယာဉ်အသုံးပြုမှု စုစုပေါင်း၏ ၉၆% သည် မေယ်တော်ဆိုင်ကယ်ဖြစ်သဖြင့် ယာဉ်မတော်တဆမှုများ ဖြစ်ပွားရာတွင် မော်တော်ဆိုင်ကယ် မတော်တဆမှုများပိုမို အဖြစ်များပါကြောင်း၊ ယာဉ်မတော်တဆမှုများ လျော့နည်းစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်အညီ မောင်းနှင်အသုံးပြုစေရေး၊ ထိခိုက်မှုများမှ အကာအကွယ်ပေးနိုင်သည့် အရည် အသွေး ပြည့်မီသော ဆိုင်ကယ်စီးဦးထုပ်များ ဝတ်ဆင်မောင်းနှင်စေရေးတို့အတွက် ပညာပေး ဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခြင်းနှင့် စစ်ဆေးအရေးယူခြင်းများပါ ထိထိရောက်ရောက် ဆောင်ရွက်ရန်လိုပါကြောင်း၊ လိုင်စင်မဲ့ယာဉ်များ၊ စည်းကမ်းပျက်ယာဉ်များ အသုံးပြုမှုမရှိစေရေး စစ်ဆေး ကြပ်မတ်ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ ယာဉ်မတော်တဆမှုများနှင့် ပတ်သက်၍ ဖြစ်စဉ်ဖြစ်ပွားမှုများကို သေချာစွာ စစ်ဆေးဖော်ထုတ်ပြီး အလားတူဖြစ်စဉ်များ ထပ်မံဖြစ်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ် တားဆီးရေးလုပ်ငန်းများ ဆောင်ရွက်ရန်လိုပါကြောင်း၊ ယာဉ်မတော်တဆမှုများဖြစ်ပွားပါက အသက်အန္တရာယ် ထိခိုက်နိုင်သည်အထိ ဆုံးရှုံးမှုကြီးမားသဖြင့် ကြိုတင်ကာကွယ်တားဆီး ရေးလုပ်ငန်းများကို အလေးထား ဆောင်ရွက်ရန်လိုပါကြောင်း၊ ယာဉ်မတော်တဆမှုများ လျော့နည်းပပျောက်စေရေး ဆောင်ရွက်ရမည့် နည်းလမ်း များ ဆွေးနွေးကြပြီး တိတိကျကျ လိုက်နာဆောက်ရွက်ရန်နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် ပြည်သူများအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် မှာကြားသည်။


ဆက်လက်၍ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးမှလည်းကောင်း၊ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးမှလည်းကောင်း၊ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ အတွင်းရေးမှူး ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှု ဦးစီးဌာန၊ တိုင်းဦးစီးမှူးမှလည်းကောင်း၊ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ တွဲဘက်အတွင်းရေးမှူး၊ ဒုတပ်ဖွဲ့ခွဲမှူးမှ လည်းကောင်း လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ တင်ပြ ဆွေးနွေးကြပြီး ကော်မတီအဖွဲ့ဝင်များနှင့် ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများမှ အထွေထွေတင်ပြဆွေးနွေး ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီ (NRSC)၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် ယာဉ်မတော် တဆမှုကြောင့် သေဆုံးသူအရေအတွက်ကို ၅၀% လျှော့ချနိုင်ရေးလစဉ် ရည်မှန်းချက်ထား ဆောင်ရွက်ရန် ပြောကြားခဲ့ပြီး လိုအပ်သည်များညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - လှမင်းထွဋ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)