ကွတ်ခိုင်မြို့နယ်တွင်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကွတ်ခိုင်မြို့နယ်တွင်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းကြည့်ရှုစစ်ဆေး



MNP - စက်တင်ဘာ   ၂၈


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ‌ကျေလက်‌‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရန်ပုံငွေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ ၃၈မိုင် မန်ပြိန်းကျေးရွာအုပ်စု၊ ဖောင်းဆိုင်ကျေးရွာ ကုန်ထုတ်လမ်း (၁/၄)မိုင်လုပ်ငန်းများအား ခွင့်ပြုရန်ပုံငွေကျပ် (၅၈.၈၀)သန်းဖြင့် တင်ဒါအောင်မြင်သော OKIMO ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ ဆောင်ရွက်‌နေမှုလုပ်ငန်းအ‌ခြေအနေများအား မူဆယ်ခရိုင်ဦးစီးမှူး  ဦးယိုင်ဆိုင် (ဒုတိယညွှန်ကြားရေးမှူး) ကွတ်ခိုင်မြို့နယ် ဦးစီးမှူးဦးကျော်ဇင်လတ်(လက်ထောက်ညွှန်ကြားရေးမှူး)နှင့် ဝန်ထမ်းများကကြီးကြပ်၍ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့‌ကြောင်း သိရသည်။ 


အဆိုပါလုပ်ငန်းများ ပြီးစီးပါကအိမ်ခြေ(၉၉)အိမ်၊ အိမ်ထောင်စု(၉၉)စု လူဦးရေ(၆၃၉)ဦးတို့အတွက် လမ်းပန်းဆက်သွယ်‌ရေး ကောင်းမွန်ပြီး အကျိုးပြုသည့်လမ်းဖြစ်ကြောင်း သိရသည်။


သတင်း - ဌေးဌေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)