မှော်ဘီမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးစစ်ကြောင်းကြီး(၅)ကြောင်း ကွင်းဆင်းတွေ့စုံပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မှော်ဘီမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးစစ်ကြောင်းကြီး(၅)ကြောင်း ကွင်းဆင်းတွေ့စုံပွဲကျင်းပ

 



MNP - စက်တင်ဘာ   ၈


ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင် မှော်ဘီမြို့နယ်အတွင်း လုံခြုံရေး၊ တရားဉပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အတွက် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး ၅ ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် မှော်ဘီမြို့နယ် မင်းရွာ၊ ကံကုန်းကျောင်းတိုက် ဓမ္မအလင်းရောင် ဓမ္မာရုံ၌ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦး ဝင်းစိုးမှ အဖွင့်အမှာစကားပြောကြား၍ စစ်ကြောင်းကြီး(၅)ကြောင်းတွင် ပါဝင်သော ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိတ်ဆက်ပေးပြီး နိုင်ငံရေးစစ်ကြောင်းမှ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဗိုလ်မှူးပြည့်စုံကျော်က နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒလမ်းစဉ်နှင့် ဒို့တာဝန်အရေးသုံးပါးကို မမေ့ရန်ပြောကြားခြင်း၊ ရဲမှူးမြင့်အောင်မှ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာများ အသိပညာပေးဆွေးနွေးခြင်း၊ အုပ်ချုပ်ရေး စစ်ကြောင်း အဖွဲ့ခေါင်းဆောင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဉီးဖြိုးအောင်ကြည်က လူမူရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပြောကြားခြင်း၊ လူမူရေးစစ်ကြောင်းမှ ဒေါက်တာ စောမြထွန်းမှ ကိုဗစ်-၁၉ ရောဂါနှင့် Mask နှာခေါင်းစီးတပ်ရန် ဆေးထိုးပြီး (၆)လပြည့်တိုင်း ပြန်လည်ထိုးရန်မှာကြားခြင်း၊ ဒေသဖွံ့ဖြိုးရေးစစ်ကြောင်းမှ အငယ်တန်းအင်ဂျင်နီယာ (၂) ဒေါ်ဂျုလှိုင်က ကျေးလက်လမ်း၊ တံတားများ ဖွံ့ဖြိုးရေးမျာတိုးတက်ရေး ရှင်းလင်းပြောကြား ခဲ့သည်။


ဆက်လက်၍ ကျေးရွာသူ၊ ကျေးရွာသားများ၏ သိရှိလိုသည်များကို  ဌာနဆိုင်ရာ တာဝန်ရှိသူများက မေးမြန်းရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဉီးဖြိုးအောင်ကြည်မှ မိမိတို့တင်ပြသည့် အချက်အလက်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - ဝင်းဇော် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)