ကချင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင် ဗန်းမော်မြို့ အမှတ်(၂)ဈေးအား အဆင့်မြှင့်တင် တည်ဆောက်နိုင်ရေးအတွက် တွေ့ဆုံညှိနှိုင်းခြင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင် ဗန်းမော်မြို့ အမှတ်(၂)ဈေးအား အဆင့်မြှင့်တင် တည်ဆောက်နိုင်ရေးအတွက် တွေ့ဆုံညှိနှိုင်းခြင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု



MNP - စက်တင်ဘာ   ၄


ကချင်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးကျော်မင်းခိုင်သည် ဗန်းမော်မြို့တွင် အမှတ်(၂)ဈေးအား အဆင့်မြှင့်တင်တည်ဆောက်နိုင်ရေးအတွက် ဗန်းမော်ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြိုနယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဈေးအကျိုးတော်ဆောင်အဖွဲ့များနှင့် တွေ့ဆုံညှိနှိုင်းခြင်းကို ယမန်နေ့ မွန်းလွှဲ ၁ နာရီက ဗန်းမော်မြို့ ညောင်ပင်ရပ်ကွက်ရှိ မြသီတာဧည့်ရိပ်သာ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ဗန်းမော်မြို့တွင်း၌ သန့်ရှင်းသာယာလှပပြီး ခေတ်မီဈေးသစ်ဖြင့် ဈေးရောင်းဈေးဝယ်နိုင်စေရန် ဗန်းမော်မြို့ အမှတ်(၂)ဈေးအား အဆင့်မြှင့်တင်တည်ဆောက်နိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဗန်းမော်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှတ်(၂)ဈေးမှ ဈေးအကျိုးတော်ဆောင်အဖွဲ့များ၊ ဈေးသူ ဈေးသားကိုယ်စားလှယ်များနှင့် တွေ့ဆုံရခြင်းဖြစ်ကြောင်း အမှာစကားများပြောကြားခဲ့သည်။ ယင်းနောက် ဗန်းမော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်က အမှတ်(၂)ဈေးအား အဆင့်မြှင့်တင်တည်ဆောက်နိုင်ရေးအတွက် ရှင်းလင်းတင်ပြပြီး ဗန်းမော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ(ဒုတိယညွှန်ကြားရေးမှူး) ဦးတင်မောင်ထွေးက ဗန်းမော်မြို့ အမှတ်(၂) ဈေးအား ခေတ်မီဈေးသစ်တည်ဆောက်နိုင်ရေးလုပ်ငန်းဆိုင်ရာများ၊ ဗန်းမော်မြို့ မေတ္တာမွန်ရေကန် (ဂေါ်ရာကန်)အဆင့်မြှင့်တင်ဆောင်ရွက်မည့်အစီအစဉ်နှင့် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုအခြေအနေများ၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဗန်းမော်မြို့တွင်း အမှိုက်သိမ်းဆည်းမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ အမှတ်(၂)ဈေးအား အဆင့်မြှင့်တင်တည်ဆောက်နိုင်ရေးအတွက် တက်ရောက်လာသည့် ဈေးအကျိုးတော်ဆောင်အဖွဲ့များ၊ ဈေးသူဈေးသားများ၏ သဘောထားများကို ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။  


ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးသည် ဗန်းမော်မြို့ သာစည်ရပ်ကွက်ရှိ မေတ္တာမွန်ရေကန် (ဂေါ်ရာကန်)အား သန့်ရှင်းသာယာ လှပရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း၊ သာစည်ရပ်ကွက်၊ ပင်စင်ကုန်းလမ်းပေါ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၄၄၅ ဒသမ ၀၅ သန်းဖြင့် Kan Bawza Ahla ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်မည့် ၁၃၀ ပေx ၂၀ ပေ x ၃၆ ပေရှိ သံကူကွန်ကရစ်တံတားကို တည်ဆောက်မည့်နေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)