ဇမ္ဗူသီရိမြို့နယ်၌ သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇမ္ဗူသီရိမြို့နယ်၌ သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

 


MNP - စက်တင်ဘာ   ၃


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သာသနာရေးဦးစီးဌာန၊ မြို့နယ်ဥပဒေရုံးတို့မှ အခြေခံပညာ ကျောင်းများသို့ ကွင်းဆင်း၍ သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာများ၊ ဘာသာသာသနာနှင့်သက်ဆိုင်သည့် ရာဇဝတ်မှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲများကို ဆောင်ရွက်နေလျက်ရှိရာ ယမန်နေ့နံနက်(၉)နာရီက ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၊ သီရိမင်္ဂလာခန်းမ၌ ကျင်းပခဲ့သည်။


အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ဇမ္ဗူသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်ဦးကျော်အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဇမ္ဗူသီရိမြို့နယ် သာသနာရေးမှူးရုံးမှ‌ ဒုတိယဦးစီးမှူး ဒေါ်နီသိန်းမော်က ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်ခန်းစာများ၊ သာသနာရေးနှင့်သက်ဆိုင်သည့် ယဉ်ကျေးမှုဆိုင်ရာလိုက်နာဖွယ်ရာများ၊ ယဉ်ကျေးလိမ္မာဆိုင်ရာ (၃၈)ဖြာ မင်္ဂလာတရားတော်များနှင့်သက်ဆိုင်သည့် အဆုံးအမတရားတော်များအကြောင်း၊  ဒုတိယမြို့နယ်ဥပဒေအရာရှိဦးမျိုးသက်ထွန်းက ဘာသာသာသနာနှင့်သက်ဆိုင်သည့် ဥပဒေ‌ရေးရာအကြောင်းအရာများကို အသီးသီးဟောပြောခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)