ခရမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကွယ်ရေးအတွက် ဆိုဒီယမ်ဟိုက်ပိုကလိုရိုက် ပိုးသတ်ဆေးဖျန်းခြင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခရမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကွယ်ရေးအတွက် ဆိုဒီယမ်ဟိုက်ပိုကလိုရိုက် ပိုးသတ်ဆေးဖျန်းခြင်းဆောင်ရွက်




MNP - စက်တင်ဘာ   ၁၉


ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆောင်ရွက်မှုများကို အရှိန်အဟုန်မြင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ( ၁ )နာရီက မြို့နယ်အတွင်းရှိ အများပြည်သူများသွားလာရာ လမ်းမများတွင် မျိုးရိုးဗီဇပြောင်းအိုမီခရွန်ရောဂါကာကွယ်ရေးအတွက် ဆိုဒီယမ်ဟိုက်ပိုကလိုရိုက် ပိုးသတ်ဆေးဖျန်းခြင်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးငြိမ်းသတ်ယာဉ်ဖြင့် ဖျန်းပတ်ပေးခဲ့ကြောင်းသိရသည်။


အဆိုပါကာကွယ်ပိုးသက်ဆေးဖျန်းပတ်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးမြတ်စိုးမိုးနှင့် တပ်ဖွဲ့ဝင်များကဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ရဲနှင့်တာဝန်ရှိသူများက ကွင်းဆင်းကြည်ရှုစစ်ဆေး၍ လိုအပ်ချက်များကို ပေါင်းဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။


သတင်း - ကိုမင်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)