ကျောက်ပန်းတောင်းမြို့နယ် တောင်ဇင်ကျေးရွာပြည်သူများနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံ၍ ဒေသလိုအပ်ချက်များ ညှိနှိုင်းဆွေးနွေးပြီး ကျန်းမာရေးစောင့်ရှောက်မှုနှင့် အိမ်ထောင်စုစာရင်း ပြင်ဆင်ခြင်းများဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ပန်းတောင်းမြို့နယ် တောင်ဇင်ကျေးရွာပြည်သူများနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံ၍ ဒေသလိုအပ်ချက်များ ညှိနှိုင်းဆွေးနွေးပြီး ကျန်းမာရေးစောင့်ရှောက်မှုနှင့် အိမ်ထောင်စုစာရင်း ပြင်ဆင်ခြင်းများဆောင်ရွက်ပေး




MNP - စက်တင်ဘာ   ၂၈


ကျောက်ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ကွင်းဆင်း၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၂) နာရီက တောင်ဇင်ကျေးရွာအုပ်စု၊ တောင်ဇင်းကျေးရွာ အနောက်ဘုန်းတော်ကြီး ကျောင်းဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။


အဆိုပါ လူထုတွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်နှင့် တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းတည်ငြိမ်ရေးတို့အတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပူးပေါင်းကွင်းဆင်းခဲ့ ခြင်းဖြစ်ပါကြောင်းနှင့် မိမိတို့ကျေးရွာ/ဒေသအတွက် လိုအပ်သည့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စများကို ပွင့်ပွင့်လင်းလင်းတင်ပြ ဆွေးနွေးကြစေလိုကြောင်းဖြင့် အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များဖြစ်သည့် ဗိုလ်မှူးနောင်ထွန်းနီနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမင်းတို့က နယ်မြေတည်ငြိမ်ရေးနှင့် မှုခင်း ကျဆင်းရေးဆိုင်ရာများကို ရှင်းလင်းပြောကြားကြပြီး အဖွဲ့ဝင်အဖြစ် လိုက်ပါလာကြသည့် မီးသတ် ဦးစီးဌာန၊ စီမံကိန်းဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပညာရေးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အစရှိသည့် ဌာနတာဝန်ရှိသူများက မိမိတို့ဌာနအလိုက် ဒေသဖွံ့ဖြိုးရေး ပေါင်းစပ်ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။ ဆက်လက်၍ ဒေသခံပြည်သူများက လိုအပ်ချက်များနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ၊ မြို့နယ်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး တွေ့ဆုံပွဲကိုရုပ်သိမ်းလိုက်သည်။


တွေ့ဆုံပွဲအပြီးတွင် အဖွဲ့ဝင်အဖြစ်လိုက်ပါလာသည့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းတိုက်အတွင်းရှိ ရဟန်း/သာမဏေများနှင့် ကျေးရွာပြည်သူများအား အခြေခံကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းအဖြစ် အထွေထွေရေားဂါ စမ်းသပ်ကုသခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးကြပြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးမှ ပုံစံ (၆၆/၆) များအား လူဦးရေ အတိုး/အလျှော့ ပြင်ဆင်ခြင်းများ ဆောင်ရွက်ပေးကြရာ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေး၍ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် အဆိုပါတွေ့ဆုံပွဲသို့ ကျေးရွာပြည်သူ (၁၁၅) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - နေအောင် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)