ဝက်ထီးကန်တိုက်နယ် ရပ်ကွက်/ကျေးရွာအုပ်စုအချို့၌ ရေကြီးရေလျှံဖြစ်ပေါ်မှုအခြေအနေအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝက်ထီးကန်တိုက်နယ် ရပ်ကွက်/ကျေးရွာအုပ်စုအချို့၌ ရေကြီးရေလျှံဖြစ်ပေါ်မှုအခြေအနေအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး




MNP - စက်တင်ဘာ   ၈


ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့နယ်ဝက်ထီးကန်တိုက်နယ်တွင် စက်တင်ဘာ ၆ရက်ညပိုင်းက  မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းများအတွင်း ရေဝင်များကာ ရပ်ကွက်/ကျေးရွာအုပ်စုအချို့၌ ရေကြီးရေလျှံဖြစ်ပေါ်ခဲ့မှုအခြေအနေအား  ယမန်နေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင် ဦးဆောင်သောအဖွဲ့ဝင်များနှင့် ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများအဖွဲ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။


ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ၌ နံနက်ပိုင်းတွင် ဝက်ထီးကန်အုပ်စု၊ ကွက်သစ်(၂)ရပ်ကွက် ရှိ သံအိုးကင်းချောင်းရေမြင့်တက်မှုကြောင့် နေအိမ်အလုံး (၇၀)အတွင်း ၃/၄ပေခန့် ရေဝင်ရောက်မှုအခြေအနေနှင့် ယင်းရပ်ကွက်တွင်း ကားလမ်းဂုံးတံတားအနီးရှိ မြောက်နဝင်းဆည်၏ ရေထုတ်ပြွန်အမှိုက်ပိတ်ဆို့နေမှုအား ရေစီးရေလာကောင်းမွန်ရေး စက်ယန္တရားဖြင့် တူးဖော်ဆောက်ရွက်နေမှု အခြေအနေ၊ သံဗိုလ်ရပ်ရှိ အင်ယုံချောင်းရေ မြင့်တက်တိုက်စားမှုကြောင့် ချောင်းကမ်းပါးပြိုကျမှုအခြေအနေတို့ကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။


ယင်းနောက် မွန်းလွဲပိုင်းတွင် အဆိုပါတိုက်နယ် ဝါးရုံဆိပ်ကျေးရွာအုပ်စု အင်းလျားရွာအနီး  ဆည်ရေနုတ်မြောင်းအချို့ ရေတိုက်စားမှုကြောင့် ပျက်စီးမှုအခြေအနေ၊ ဝါးရုံဆိပ်ကျေးရွာ ချောင်းကူးတံတားအောက်တွင် အမှိုက်များပိတ်ဆို့နေမှုကြောင့် လမ်းပျက်စီးမှုအခြေအနေနှင့် ဝက်ထီးကန်ရှိ သမိုင်းဝင်ကန်၏ ကန်ပေါင်ရေထွက်ပေါက်များမှ ရေစီးဆင်းမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးပြီး ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင် က သက်ဆိုင်ရာဌာနဆိုင်ရာ၊ ရပ်ကွက်/ကျေးရွာ တာဝန်ရှိသူများနှင့် ကဏ္ဍအလိုက် လိုအပ်သည်များ ဆောင်ရွက်ရန် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - ကိုဆက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)