စလင်းမြို့နယ်တွင် ပညာရေးဌာနမှကြီးမှူးကျင်းပမည့် ကျောင်းကြက်ခြေနီ ရှေးဦးပြုစုခြင်း သင်တန်းဖွင့်လှစ်နိုင်ရေး မြို့နယ်ကြက်ခြေနီအသင်း ညှိနှိုင်းအစည်းအဝေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စလင်းမြို့နယ်တွင် ပညာရေးဌာနမှကြီးမှူးကျင်းပမည့် ကျောင်းကြက်ခြေနီ ရှေးဦးပြုစုခြင်း သင်တန်းဖွင့်လှစ်နိုင်ရေး မြို့နယ်ကြက်ခြေနီအသင်း ညှိနှိုင်းအစည်းအဝေးပြုလုပ်

 


MNP - စက်တင်ဘာ   ၂၇


မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမဆောင်တွင် စလင်းမြို့နယ် ကြက်ခြေနီအသင်းကြက်ခြေနီတပ်ဖွဲ့ဝင်များမှ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် ရှေးဦးပြုစုခြင်း သင်တန်းဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်းကို စက်တင်ဘာ ၂၅ ‌နေ့မွန်းလွဲ ၁ နာရီ ၃၀ အချိန်က စုပေါင်းညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့အစည်းအဝေးပြုလုပ်ဆောင်ရွက်ရာတွင် မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးမင်းအောင်၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှူး ဦးတင်အောင်မိုးတို့မှဦးဆောင်၍ သမြင်ကင်းကျေးရွာအုပ်စု ကညှပ်ကျေးရွာ ကြက်ခြေနီတပ်ဖွဲ့၊ ဆင်ဖြူကျွန်းမြို့ ကြက်ခြေနီတပ်ဖွဲ့ဝင်များ စလင်းမြို့မှကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးရခြင်းမှာ စလင်းမြို့နယ်အတွင်းရှိ ပညာရေးဝန်ကြီးဌာန အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူမောင်မယ်ကလေးများ ရှေးဦးပြုစုခြင်းအတတ်ပညာဖြစ်သည့် ကြက်ခြေနီသင်တန်းတက်ရောက်သင်ကြားနိုင်ရေးနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ စာတွေ့လက်တွေ့သင်ကြားပို့ချနိုင်ရန်အတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေး ပြုလုပ်ရခြင်းဖြစ်ကြောင်းကို မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။


ဆက်လက်၍ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးတင်အောင်မိုးက အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်သင်ကြားပို့ချကြမည့် အချိန်နှင့်သင်တန်းနေ့ရက်များကို ညှိနိုင်းဆွေးနွေးကြကာ လိုအပ်သည့်အကူအညီများကို ပညာရေးဌာနမှ အထောက်အကူပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း တပ်ဖွဲ့ဝင်များကို အသိပေးပြောကြားခဲ့ပြီး ရှေးဦးပြုစုခြင်း သင်တန်းကျောင်း ကြက်ခြေနီသင်တန်းဖွင့်လှစ်နိုင်ရေးအတွက် စုပေါင်းညှိနိုင်းဆွေးနွေးခဲ့ကြပြီး ပြည်သူလူထုအတွက် အချိန်ပြည့်ကူညီဆောင်ရွက်နေကြောင်းနှင့် လူမှုကူညီရေးနှင့်ပရဟိတလုပ်ငန်းများ နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်းကို မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးမင်းအောင်ထံမှ သိရသည်။


သတင်း - မောင်လွင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)