သာကေတမြို့နယ်၌ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေးစစ်ကြောင်းအလိုက် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များဆိုင်ရာ လုပ်ငန်းညှိနှိုင်း စည်းဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာကေတမြို့နယ်၌ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေးစစ်ကြောင်းအလိုက် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များဆိုင်ရာ လုပ်ငန်းညှိနှိုင်း စည်းဝေးကျင်းပ

 


MNP - စက်တင်ဘာ  ၇


ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စည်းဝေးခန်းမ၌ ယမန်နေ့နံနက်(၁၁:၀၀) အချိန်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့အား အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းဆောင်ရွက်မည့် စစ်ကြောင်း(၅)ကြောင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း စည်းဝေးကျင်းပခဲ့သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာဝင်းမှ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေးစစ်ကြောင်း (၅)ကြောင်းအား သက်ဆိုင်ရာမြို့နယ် ဌာနဆိုင်ရာများဖြင့် ဖွဲ့စည်းမှုအတိုင်း ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များအား ကွင်းဆင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ပြောကြားခဲ့သည်။


ဆက်လက်ပြီး ကိုဗစ်-၁၉ရောဂါ ကူးစက်မှုရောဂါ ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းစဉ်များ၊ သာကေတမြို့နယ်ရှိ ဆင်းရဲနွမ်းပါးပြည်သူများအား ဆန်၊ ဆီ၊ ကြက်ဥများအား သက်သာသောနှုန်းဖြင့် ရောင်းချပေးမည့် လုပ်ငန်းစဉ်များအား သက်ဆိုင်ရာမြို့နယ် အဆင့်ဌာနဆိုင်ရာများမှ ကဏ္ဍအလိုက် ဆွေးနွေးပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။ အဆိုပါ လုပ်ငန်းညှိနှိုင်းစည်းဝေး၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးသူရိန်ဇော်၊ အဖွဲ့ဝင်(၂) ဦးညွန့်ဝေ၊ အတွင်းရေးမှူး ရဲမှူးဇော်ဝင်းထွန်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနများမှ တာဝန်ရှိသူများက တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။


သတင်း - ဆောင်းနှင်းဖြူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)