MNP - စင်တင်ဘာ ၂
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့အတွင်းရှိ မွေးကင်းစမှအသက်(၃)နှစ် အရွယ်ထိ ကလေးသူငယ်များအား ကျန်းမာရေးစောင့်ရှောက်မှုဖြင့် ပုံမှန်ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေးခြင်းကို ယမန်နေ့နံနက် (၈) နာရီအချိန်မှစ၍ ပလောက်တိုက်နယ် ကျန်းမာရေးဌာန တွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ပလောက်မြို့ပြည်သူ့ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်နှင့်အညီ ကလေး သူငယ်များအား ကိုယ်ပူချိန်တိုင်းခြင်း၊ ပေါင်ချိန်ခြင်း၊ မွေးကင်းစမှ (၃) နှစ်အရွယ် ကလေး သူငယ်များကို ဆုံဆို့၊ ကြက်ညှာ၊ ချောင်းဆိုး၊ မေးခိုင်၊ အသည်းရောင်သားအဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ ဝက်သက်စသည့် ငါးမျိုးစပ်ကာကွယ်ဆေးများကို သတ်မှတ် အကြိမ်အတိုင်း ထိုးနှံပေးခြင်း၊ ပိုလီယိုအစက်ချဆေး တိုက်ကျွေးခြင်း၊ ထိုးနှံပေးခြင်းနှင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပြီးသူများကိုလည်း (ဒုတိယအကြိမ်) ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment