မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၂) ကြိမ်မြောက် အစည်းအဝေး၊ မွန်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၅ / ၂၀၂၂) အစည်းအဝေးများ ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၂) ကြိမ်မြောက် အစည်းအဝေး၊ မွန်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၅ / ၂၀၂၂) အစည်းအဝေးများ ကျင်းပပြုလုပ်



MNP - စက်တင်ဘာ   ၉


မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့ ညနေပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဝင်များ တက်ရောက်ခဲ့သည်။


အစည်းအဝေးတွင် မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်သည် စီးပွားရေးအရ အချက်အခြာကျသည့် နေရာတစ်ခုဖြစ်သလို ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ စီးပွားရေးနှင့် ပတ်သက်သည့် အခြေခံအဆောက်အဦများ တည်ထောင်ပေးရန်လိုသလို တစ်ဖက်ကလည်း ရေရှည်ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နိုင်ရေးကိုလည်း အလေးထားဆောင်ရွက်ပေးကြလိုကြောင်း၊ စက်မှုဇုန်အနေဖြင့် စက်ရုံများမှ စွန့်ပစ်ရေဆိုးများနှင့် အညစ်အကြေးများကို စနစ်တကျ ဆောင်ရွက်ပေးကြရန်နှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း၊ ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုကဏ္ဍဖွံ့ဖြိုးတိုးတက်လာမှု ရှိစေရေးအတွက် အားလုံးဝိုင်းဝန်း ဆောင်ရွက်ပေးကြရန် ပြောကြားသည်၊၊ထိုနောက် မွန်ပြည်နယ်ရင်နှီးမြှုပ်နှံမှုကော်မတီ  (၃/၂၀၂၂) အစည်းအဝေးတွင်  တင်ပြလာသော ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ ကော်မတီအတွင်းရေးမှူး၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ပြည်နယ်ဦးစီးမှူးမှ ရာနှုန်းပြည့်မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် စပ်လျဉ်းသည့် အဆင့်ဆင့်ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ ခဲ့ပြီးပြည်နယ်ရင်နှီးမြှုပ်နှံမှုကော်မတီဝင်များမှ ဖြည့်စွက်ဆွေးနွေတင်ပြခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။


ဆက်လက်ပြီး မွန်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့အစည်းအဝေးအမှတ်စဉ် (၅/၂၀၂၂) အစည်းအဝေးကိုဆက်လက် ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က လယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီများအနေဖြင့် တည်ဆဲ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး၊ လုပ်နည်းများနှင့်အညီ စနစ်တကျ လုပ်ကိုင်ဆောင်ရွက်ကြစေလိုကြောင်း၊ ကျေးရွာပိုင်မြေနေရာများ၌ ကျူးကျော်နေထိုင်မှုများအား ဥပဒေနှင့်အညီ တားဆီးအရေးယူဆောင်ရွက်ရန်၊ သက်ဆိုင်ရာ လယ်ယာမြေ စီမံခန့်ခွဲရေးကော်မတီများအနေဖြင့် အောက်ခြေအထိ ကွင်းဆင်းစစ်ဆေး၍ ပြည်သူများ၏  လိုအပ်ချက်များကိုလည်း အလေးထားဆောင်ရွက်ပေးနိုင်ကြရန်လမ်းညွှန် မှာကြားခဲ့သည်။


ထို့နောက် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန  ပြည်နယ်ဦးစီးမှူးက ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ ဒဏ်ကြေးငွေ သတ်မှတ်တင်ပြခြင်း၊ ခရိုင်/ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ပြန်လည်တင်ပြလာသည့် လယ်ယာမြေဥပဒေပုဒ်မ ၃၀(က)၊ ပုဒ်မ ၃၀(ခ) အရ လယ်မြေကို အခြားနည်းအသုံးပြုခွင့်လျှောက်ထားခြင်းနှင့် လယ်မြေမှအပ လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့်လျှောက်ထားခြင်း၊ လယ်ယာမြေဥပဒေပုဒ်မ ၂၈(က)အရ သီးနှံပြောင်းလဲစိုက်ပျိုးခွင့် လျှောက်ထားလာခြင်း ကိစ္စရပ်များအား ရှင်းလင်းတင်ပြပြီး ပြည်နယ်လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များက ဆွေးနွေးတင်ပြကြပြီး လိုအပ်သည်များကို ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - ခင်စန်းမြင့် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)